တစ်ခါတစ်လေကျရင် အလှပြင်တဲ့အခါမှာ ကိုယ်လုပ်လိုက်မိတဲ့ အမှားတွေကြောင့် လက်ရှိရုပ်ရည်ထက် ပိုပြီး ရုပ်ရင့်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် တော်တော်များများလုပ်လေ့ရှိတဲ့ အမှားတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မိတ်ကပ်အထူကြီးလိမ်းတာ

မိတ်ကပ်အထူကြီးတွေလိမ်းတာက ရုပ်ကိုပိုရင့်စေပါတယ်။ ကိုရီးယားမလေးတွေလိမ်းသလို Natural ဆန်ဆန် ပါးပါးလေးတွေလိမ်းတာမျိုးက ရုပ်ကိုပိုနုစေပါတယ်။

နှုတ်ခမ်းနီအရောင်အရင့်တွေဆိုးတာ

နှုတ်ခမ်းနီအရောင်ရင့်တာတွေ ဥပမာ – ကြက်သွေးရောင်၊ ခရမ်းရောင်ဘက်သွားမျိုး၊ နှုတ်ခမ်းနီအညိုဘက် အရမ်းသွားတာမျိုးတွေက ရုပ်ကိုပိုရင့်ပြီး လူကြီးဆန်သွားစေပါတယ်။

Eyeliner အထူကြီးတွေဆိုးတာ

Eyeliner အထူကြီးတွေဆိုးတာမျိုးကလည်း ရုပ်ကိုပိုရင့်သွားစေပါတယ်။ Eyeliner ဆိုးမယ်ဆို တစ်ကြောင်းထဲ ပါးပါးလေးဆိုးတာမျိုးကမှ လူငယ်ဆန်ပြီး ရုပ်ပိုနုစေပါတယ်။

Eyeshadow အရောင်မှိုင်းတာတွေ

Eyeshadow အရောင်မှိုင်းတာတွေကလည်း ရုပ်ရင့်ပြီး လူကြီးဆန်စေပါတယ်။ Smokey Eyes တွေခြယ်တာမျိုးကလည်း ပါတီပွဲတွေသွားမှခြယ်တာ ပိုကောင်းပါတယ်။ ဒီတိုင်းဆို ရုပ်ပိုရင့်စေပါတယ်။

Contouring အများကြီးသုံးတာ

Contouring အများကြီးသုံးတာကလည်း မိတ်ကပ်တအားပြင်ထားတဲ့ပုံစံပေါက်ပြီး ရုပ်ပိုရင့်သွားစေပါတယ်။