Kpop Entertainment တွေဟာ သာမာန်ထက် တစ်မူထူးခြားတဲ့ အသံ၊ ရုပ်ရည်နဲ့ အရည်အချင်းတွေ ရှိကြတဲ့ Idol တွေကိုမွေးထုတ်ပေးနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိပါတယ်။ ကိုးရီးယားနိုင်ငံရဲ့ အကြီးဆုံး Entertainment တွေဖြစ်ကြတဲ့ SM ၊ JYP ၊ YG နဲ့ HYBE တို့ကတော့ သူတို့ရဲ့ အရှိန်အဝါကိုထိန်းထားနိုင်ဖို့ အတွက် ပြီးပြည့်စုံတဲ့အနုပညာရှင်တွေကိုရွေးထုတ်လေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ Entertainment လေးခုရဲ့ Visual နေရာကို ကိုယ်စားပြုတဲ့ မျက်နှာပေါက်အလှဆုံး Idol တွေအကြောင်းကိုပြောပြပေးချင်ပါတယ်။

SM Entertainment

လက်ရှိ Male Idols တွေထဲမှာဆိုရင် EXO အဖွဲ့ဝင် Sehun ၊ Suho နဲ့ Female Idols တွေထဲမှာတော့ Girls’ Generation အဖွဲ့ရဲ့ Taeyeon နဲ့ Seo Hyun Jin တို့က SM ရဲ့အလှဆုံး Visual ပုံစံတွေကိုပိုင်ဆိုင်ထားကြတဲ့ သူတွေပဲဖြစ်ပါတယ်။ SM ရဲ့ ဝါရင့်အနုပညာရှင်တွေဖြစ်ကြတဲ့ Kangta ၊ TVXQ အဖွဲ့ဝင်ဟောင်း Jaejoong နဲ့ Super Junior အဖွဲ့ဝင် Siwon တို့ဟာလည်း Entertainment ရဲ့ Visual အနေနဲ့လူသိများခဲ့ကြပါတယ်။

YG Entertainment

YG ရဲ့ Visual တွေကတော့ အပြစ်ကင်းပြီးနှစ်လိုဖွယ်ကောင်းတဲ့အပြင် ခပ်ချေချေမျက်နှာပေါက်တွေကိုပါ ပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ်။ Entertainment ရဲ့ Visual အဖြစ်လူကြိုက်များတဲ့ အနုပညာရှင်တွေ ကတော့ Big Bang အဖွဲ့ဝင် T.O.P ၊ Blackpink အဖွဲ့ဝင် Jennie နဲ့ Treasure အဖွဲ့က Asahi တို့ပဲဖြစ်ပါတယ်။

JYP Entertainment

နှစ်တွေကြာလာတာနဲ့အမျှ JYP က Visual တွေဟာ Rain နဲ့ 2PM အဖွဲ့ဝင်တွေလို မျက်နှာပေါက်လှပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်တဲ့ပုံစံတွေကနေ အရုပ်လေးတွေလို ပြစ်မျိုးမှဲ့မထင်အောင်လှကြတဲ့ Straykids’ အဖွဲ့ဝင် Hyunjin နဲ့ Felix တို့အထိ အမျိုးမျိုးပြောင်းလဲလာနေပြီဖြစ်ပါတယ်။ JYP ရဲ့ Female Idols တွေထဲမှာတော့ Twice အဖွဲ့ဝင် Tzuyu နဲ့ Miss A အဖွဲ့ဝင်ဟောင်း Suzy တို့ဟာ လူကြိုက်များတဲ့ Visual တွေပဲဖြစ်ပါတယ်။

HYBE

HYBE က Visual Idol တွေကတော့ နွေးထွေးပြီး နူးညံ့ကြင်နာတတ်တဲ့ မျက်နှာပေါက်တွေပိုင်ဆိုင်ထားကြတာ ကြောင့် Kpop ပရိသတ်တွေကို သူတို့အပေါ် အလွယ်တကူနဲ့ စိတ်ယိုင်လာအောင်ပြုလုပ်နိုင်ကြပါတယ်။ HYBE ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ Visual တွေထဲမှာတော့ BTS အဖွဲ့ဝင် V နဲ့ TXT အဖွဲ့ဝင် Yeonjun တို့ပါဝင်ပါတယ်။

Source: Allkpop.com

By MyStyle Myanmar