တချို့မိန်းကလေးတွေဆိုရင် ဓမ္မတာလာချိန်မှာ လုံးဝမခံနိုင်လောက်အောင်ကို ဗိုက်အောင့်တာမျိုး ဖြစ်ကြပါတယ်။ ဒီလိုအချိန်မှာ အကိုက်အခဲပျောက်ဆေးတွေ မသောက်ပဲ အိမ်တွင်းနည်းလမ်းလေးတွေကို သုံးပေးတာက ပိုကောင်းပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန်မှာ ဗိုက်အရမ်းအောင့်နေတာကို သက်သာအောင်လုပ်ပေးနိုင်မယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Essential oils နဲ့ Massage လုပ်ပေးပါ

Essential oils နဲ့ Massage လုပ်ပေးခြင်းက ဓမ္မတာလာချိန်မှာ ဗိုက်အရမ်းအောင့်တဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။ ဆီးခုံနဲ့ ဘေးဘက်တွေကို လိမ်းပြီး Essential oil တစ်စက်ချပြီး Massage လုပ် နှိပ်နယ်ပေးရမှာပါ။

ယောဂကျင့်ပါ

ယောဂကျင့်ပေးခြင်းက ဓမ္မတာလာချိန်မှာ ဖြစ်လေ့ရှိတဲ့ ဗိုက်အောင့်တာ၊ နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဓမ္မတာလာရင် အမြဲအောင့်တတ်တဲ့သူတွေ၊ အမြဲနာကျင်ကိုက်ခဲတာမျိုး ဖြစ်တတ်တဲ့သူတွေက နေ့တိုင်း ယောဂကျင့်ပေးသင့်ပါတယ်။ အချိန်မရှိရင်တောင် လာခါနီး နှစ်ပတ်အလိုလောက်မှာ နေ့တိုင်း ယောဂကျင့်ပေးပါ။

တချို့အစားအသောက်တွေကိုရှောင်ပါ

တချို့အစားအသောက်တွေက ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာမျိုးကို ပိုဖြစ်စေလို့ လာခါနီးရင် ဒီအစားအသောက်တွေကို ရှောင်ပေးသင့်ပါတယ်။ အထူးသဖြင့် အဆီများတဲ့အစားအသောက်တွေ၊ ကဖင်းဓာတ်တွေနဲ့ Alcohol တို့ပဲဖြစ်ပါတယ်။

ရေနွေးအိတ်ကပ်ပါ

ဒါကတော့ လူတိုင်းလည်းသိပြီးသားပါ။ တကယ်လည်းသက်သာပါတယ်။ ဓမ္မတာလာချိန်မှာ ဗိုက်အရမ်းအောင့်နေရင် ရေနွေးအိတ်သာ ဆက်တိုက်ကပ်ပြီး ငြိမ်ငြိမ်လေးလှဲနေပါ။ နာကျင်တာတွေ၊ ဗိုက်အောင့်တာတွေ သက်သာလာပါတယ်။

Herbal tea

Herbal tea သောက်ပေးခြင်းကလည်း ဓမ္မတာလာချိန်မှာ ဗိုက်အောင့်ပြီး နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။ လာခါနီး တစ်ပတ်လောက်အလိုမှာပဲဖြစ်ဖြစ် ညအိပ်ယာဝင်ခါနီးတိုင်း တစ်နေ့တစ်ခွက် သောက်ပေးသွားရင် ပိုကောင်းပါတယ်။ အထူးသဖြင့် chamomile tea နဲ့ peppermint tea က ဓမ္မတာအတွက် အကောင်းဆုံး herbal tea တွေပါပဲ။