လှပတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် healthy ဖြစ်တဲ့ ဒီအလေ့အကျင့်တွေကို လိုက်နာဖို့လိုပါတယ်။ ဒါမှ လက်သည်းလေးတွေ ကျန်းမာသန်စွမ်းပြီး လှနေမှာပါ။

လက်သည်းသန့်ရှင်းရေး

လက်သည်းလှချင်ရင် လက်သည်းသန့်ရှင်းရေးကို လုံးဝမေ့ထားလို့မရပါဘူး။ လက်သည်းထဲက အညစ်အကြေးတွေကို ပုံမှန်သန့်စင်ပေးပြီး လက်သည်းမှာကျန်နေတဲ့ လက်သည်းနီတွေကို သေချာပြောင်အောင်ဖျက်ပါ။ ပြောင်အောင်မဖျက်ရင် လက်သည်းဝါညစ်တာတွေ ဖြစ်နေပါလိမ့်မယ်။

Treat them gently

လက်သည်းတွေကို cleansing လုပ်တဲ့အခါ၊ တိုက်တဲ့အခါ၊ အသားမာတွေ၊ လက်ဆွယ်တွေ ညှပ်ထုတ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း မလုပ်ပါနဲ့။ ညှင်ညှင်သာသာလုပ်ပါ။ ဒါမှ လက်သည်းတွေမပျက်စီးမှာပါ။

လက်သည်းပုံမှန်ညှပ်ပါ

လက်သည်းကို နှစ်ပတ်တစ်ခါလောက် ပုံမှန်ညှပ်ပြီး ပုံသွင်းပေးပါ။ ဒါမှ လက်သည်းပဲ့တာ၊ ကျိုးတာတွေ သက်သာပါမယ်။ လက်သည်းအရှည်မြန်ပါမယ်။ လက်သည်းကို အရမ်းအရှည်ကြီးထားတာမျိုး ရှောင်ပေးပါ။ အရမ်းရှည်ရင် ကျိုးလွယ်တဲ့အတွက် လက်သည်းပျက်စီးပါတယ်။

အမြဲ Base Coat သုံးပါ

လက်သည်းနီဆိုးတိုင်းမှာ base coat ခံဆိုးမယ်ဆိုရင်တော့ လက်သည်းဝါတာတွေ သက်သာပါမယ်။ လက်သည်းပျက်စီးတာ သက်သာပါမယ်။ လက်သည်းနီအပေါ်ကနေ ထပ်ဆိုးရင်တော့ လက်သည်းနီကာလာ ပိုတောက်ပြီး လှစေပါတယ်။

လက်သည်းနီဆိုးတာကိုခဏအနားပေးပါ

အမြဲတမ်း လက်သည်းနီဆိုးမထားပါနဲ့။ တစ်ပတ် တစ်ရက် (သို့) ၂ ပတ် ၂ ရက်လောက် လက်သည်းကို ဘာမှမဆိုးပဲ ဗြောင်ပဲထားပါ။ အမြဲတမ်း လက်သည်းနီဆိုးထားရင် လက်သည်းပျက်စီးပြီး ဝါတာ၊ လက်သည်းခြောက်သွေ့တာ၊ လက်သည်းအားနည်းတာတွေ ဖြစ်စေပါတယ်။

အစားအသောက်

လက်သည်းကျန်းမာပြီး လှပချင်ရင် အစားအသောက်ကိုလည်း ဂရုစိုက်ပေးပါ။ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ငါး၊ ပဲ၊ အခွံမာသီးတွေ များများစားပေးပါ။ Biotin နဲ့ vitamin supplements တွေကိုလည်း မှီဝဲပေးရင် ပိုကောင်းပါတယ်။ လက်သည်းကျန်းမာ သန်စွမ်းစေဖို့ အထောက်အကူပြုပါတယ်။