ခေါင်းအုံးကို သန့်ရှင်းအောင်ထားဖို့၊ ကိုယ်အိပ်တဲ့ ခေါင်းအုံးပုံစံမှန်ဖို့က အရေးကြီးပါတယ်။ ဒါမှ သင်အိပ်စက်ချိန်မှာ အနှောက်အယှက်မဖြစ်မှာပါ။ အိပ်စက်ချိန်မှာ ခေါင်းအုံးကို သေချာဂရုမစိုက်မိတာကြောင့် ဖြစ်လာနိုင်တဲ့အရာတွေက အများကြီးရှိတာကြောင့် သိထားပြီး ဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

ပထမပုံထဲကလို ခေါင်းအုံးမျိုးနဲ့ အိပ်မယ်ဆိုရင် လည်ပင်းနာတာ၊ ဇာတ်ကြောတက်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်မယ်ဆိုရင် ဒုတိယပုံမှာပြထားသလို ခေါင်းအုံးပုံစံမျိုးနဲ့ အိပ်တာအကောင်းဆုံးပါပဲ။

ပထမပုံထဲမှာပြထားတဲ့ ခေါင်းအုံးပုံစံမျိုးနဲ့အိပ်မယ်ဆိုရင် နောက်ကျောနာတာ၊ နောက်ဇာတ်ပိုး၊ ဇာတ်ကြောနာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို ခေါင်းအုံးပုံစံနဲ့ အိပ်ပေးရပါတယ်။

ခေါင်းအုံးစွပ်ကို အနည်းဆုံး တစ်ပတ်တစ်ခါ လဲပေးရပါတယ်။ ခေါင်းအုံးကိုလည်း တစ်ပတ်တစ်ခါ နေထုတ်လှန်းပေးပါ။ မဟုတ်ရင် ခေါင်းအုံးမှာ ကိုယ့်မျက်စိနဲ့မမြင်ရတဲ့ ဘတ်တီးရီးယားနဲ့ ပိုးကောင်းတွေကပ်နေပါလိမ့်မယ်။ ခေါင်းအုံးမှိုစွဲရင် အသားအရေ ပျက်စီးစေပါတယ်။

ခေါင်းအုံးကို သေချာသန့်ရှင်းရေးမလုပ်ပေးပဲ ပစ်ထားမယ်ဆိုရင် အသားအရေယားယံတာ၊ allergic ဖြစ်တာ၊ မျက်နှာမှာ ဘုတွေပေါက်တာ၊ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်တာမျိုး ဖြစ်နိုင်သလို ဆံသားလည်း ပျက်စီးစေပါတယ်။

Source: www.brightside.me