ဆံပင်ရှည်ရင်တောင်ပူတာ အုံထူရင် ပိုဆိုးပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာဆိုရင် စိတ်ရှုပ်ပြီး ခေါင်းကိုက်တာ၊ စိတ်မကြည်မလင်ဖြစ်တာမျိုးတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆံပင်ရှည်ပြီး အုံလည်းထူတဲ့သူတွေအတွက် ပူအိုက်တာသက်သာစေမယ့် ဆံပင်ပြင်ဆင်ပုံတချို့ကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အုံထူရင် ပြင်လို့ပိုကောင်းပါတယ်။ ဒီဆံပင်ပြင်ဆင်ပုံဆိုရင် ဆံပင်အုံထူမှ ပိုလှတာပါ။ ဒါကြောင့် ဆံပင်ကိုရိုးရိုးမစည်းချင်ရင် ဒီလိုလေးပြင်ကြည့်နော်။

ဒီဆံပင်ပြင်ဆင်ပုံဆိုရင် ဂုတ်လည်းရှင်းပြီး ပူအိုက်တာသက်သာစေပါတယ်။ ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ ရှင်းရှင်းလေးပြင်ချင်ရင် ဒီလိုလေးသာပြင်ကြည့်ပါ။

ခုနကလိုမျိုး ရိုးရိုးရှင်းရှင်း ဆံထုံးထုံးတာက လူကြီးဆန်တယ်လို့ထင်ရင် ဒီလိုလေးထုံးပြီး ဖဲပြားလေးကို အပေါ်ကမတပ်ပဲ ဆံထုံးအောက်နားမှာ တပ်လိုက်ပါ။ လူငယ်ဆန်သွားစေပါတယ်။

ဆံပင်အုံထူရင် ကျစ်ဆံမြီးကျစ်တဲ့အခါ ထင်းပြီး အရမ်းလှပါတယ်။ ကျစ်ဆံမြီးကို ထိပ်ကနေကျစ်တာက ပိုပြီးတော့ သပ်သပ်ရပ်ရပ်နဲ့ လှပါတယ်။ ပူအိုက်တာလည်း သက်သာစေမယ့် ဆံပင်ပုံစံလေးပါ။

လူငယ်ကောင်မလေးတွေဆိုရင် ဆံပင်ကို နှစ်ဖက်ခွဲပြီး ဒီလိုလေးကျစ်ကြည့်နော်။ ဆံပင်အုံထူရင် ပိုကျစ်လို့ကောင်းပြီး ပိုပြီးတော့လည်း လှပါတယ်။

ဆံထုံးကိုဒီလိုမျိုးထုံးတာက ကြော့ရှင်းလှပတဲ့ look မျိုး ရစေပါတယ်။ ပွဲတက်အတွက်လည်း အဆင်ပြေတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။

ဆံပင်အုံထူတဲ့သူတွေက ဆံပင်ကိုရိုးရိုးမစည်းပဲ ဒီလိုလေးစည်းလို့လည်း ရပါသေးတယ်။ အမြင်ဆန်းစေတာပေါ့။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် ရှင်းရှင်းလေးနဲ့ ပေါ့ပါးမှုရှိစေပါတယ်။ ပူအိုက်တာလည်း သက်သာစေပြီး နွေရာသီနဲ့လိုက်ဖက်တဲ့ ပုံစံလေးပါ။

ဆံပင်ကို ရိုးရိုးလေးစည်းပြီး ဖဲပြားကလစ်လေးညှပ်လိုက်မယ်ဆိုရင်လည်း ရိုးရိုးလေးနဲ့လှပြီး ပူအိုက်တာလည်း သက်သာစေမယ့် ဆံပင်ပြင်ဆင်ပုံလေးပါ။