ဆံပင်ကာလာဆိုးတဲ့အခါမှာ မျက်နှာမှောင်သွားစေတဲ့ ကာလာတွေလည်းရှိသလို မျက်နှာလေးပိုလင်းပြီး ဖြူသွားစေမယ့် ကာလာတွေလည်း ရှိပါတယ်။ ဒါကြောင့် မျက်နှာပိုလင်းပြီး စတိုင်လ်ပါပြောင်းသွားစေမယ့် ဆံပင်ကာလာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီကာလာကတော့ အခုနောက်ပိုင်းမှာ ပိုပြီးခေတ်စားလာမှာပါ။ ဆိုးလိုက်တာနဲ့ လုံးဝကိုလင်းပြီး မျက်နှာဖြူသွားစေမယ့် ကာလာပါပဲ။ အရမ်းလည်းမိုက်ပြီး လှလည်းလှသလို ဆွဲဆောင်မှုလည်းရှိတဲ့ ဆံပင်ကာလာပါ။

ဒီလိမ္မော်ရောင်တောက်တောက်လေးကတော့ နောက်ပိုင်းမှာ လူငယ်ကောင်မလေးတွေကြား ခေတ်စားလာတဲ့ ကာလာပါပဲ။ သူလည်း ဆိုးလိုက်တာနဲ့ မျက်နှာလေးလင်းပြီး ဖြူသွားစေမယ့် ကာလာမျိုးပါ။ အရမ်းမိုက်ပြီး စတိုင်လ်ပါပြောင်းသွားစေမှာပါ။

ကာလာလင်းတာကြိုက်ပေမယ့် အရမ်းတောက်နေတာမျိုးလည်း မကြိုက်ဘူးဆိုရင် ဒီကာလာလေးကိုသာ ရွေးချယ်ပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။ မျက်နှာလေးလင်းပြီး ဖြူသွားမှာပါ။

အရမ်းကာလာဆန်းတာတွေ မဆိုးရဲဘူးဆိုရင်တော့ ဒီလိုကော်ဖီရောင် တောက်တာလေးတွေကို ဆိုးကြည့်ပါ။ ဒီကာလာလေးတွေကလည်း မျက်နှာလင်းစေပါတယ်။

ဒီဆံပင်ကာလာလေးကတော့ ဘယ်အချိန်ဆိုးဆိုး ဘယ်တော့မှရိုးမသွားပဲ လှနေတဲ့ ကာလာလေးပါ။ မျက်နှာလေးလည်း လင်းသွားပြီး လူငယ်ဆန်ပါတယ်။

ခရမ်းရောင်ကလည်း အသားဆောင်ပြီး မျက်နှာလေးလင်းသွားစေမယ့် ကာလာမျိုးပါ။ ဒါ့အပြင် ကာလာဆန်းလေးဖြစ်လို့ လူငယ်ဆန်ပြီး စတိုင်လ်ပြောင်းလဲသွားစေမှာပါ။

ပန်းရောင်လေးတွေကလည်း ကြည့်လိုက်တာနဲ့ထင်းပြီး မျက်နှာပါဖြူသွားစေတဲ့ ကာလာမျိုးပါ။ လူငယ်လည်းဆန်ပါတယ်။

ဒီဆံပင်ကာလာလေးတွေဆိုလည်း လုံးဝစတိုင်လ်ပြောင်းပြီး မိုက်သွားစေမယ့် ကာလာတွေပါ။ ဆိုးလိုက်ရင် မျက်နှာလည်းဖြူပြီး လင်းသွားမှာပါ။ အရမ်းလည်းလှပါတယ်။

Photo source:www.pinterest.com