အဝတ်အစားတွေကို ဘယ်လောက်ပဲဝတ်ဝတ်၊ ဘယ်လောက်ပဲလျှော်လျှော် ဟောင်းနွမ်းသွားတာမျိုးမဖြစ်ပဲ အသစ်အတိုင်းပဲဖြစ်နေအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

သိုးမွှေးအင်္ကျီတွေက အမွှေးတွေဖွာထွက်လာရင် ကြည့်မကောင်းတော့ပါဘူး။ ဒီလိုဖွာထွက်လာပြီဆိုရင် razor နဲ့သာ ရိတ်ပေးပါ။ ဖွာထွက်နေတာတွေလည်းပါသွားပြီး အင်္ကျီလည်း ဝယ်ခါစတုန်းကလိုပဲ သပ်သပ်ရပ်ရပ်လေး ပြန်ဖြစ်သွားပါလိမ့်မယ်။

အင်္ကျီတွေလျှော်တဲ့အခါမှာ ဆားထည့်လျှော်ပေးတာက အင်္ကျီအရောင်တွေ အသစ်အတိုင်းပဲ ဖြစ်နေစေပါတယ်။ အဝတ်လျှော်စက်နဲ့လျှော်တဲ့အခါမှာ စက်ထဲကို ဆား ခွက်တစ်ဝက်စာထည့်ပြီး လျှော်ပေးရုံပါပဲ။ လက်နဲ့လျှော်ရင်လည်း ဆားနဲ့ခဏစိမ်ထားပြီး လျှော်ပေးရုံပါပဲ။

ကိုယ့်အဝတ်အစားက ကြယ်သီးတွေကို ကြာကြာခံအောင် dental floss နဲ့ ကြိုပြီးချည်တာမျိုးလေး လုပ်ပေးပါ။

ဖိနပ်အပိတ်တွေဆိုရင် ခြေဆီနံ့နံနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအနံ့ဆိုးတွေပျောက်အောင် ဖိနပ်ထဲကို baking soda စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး တစ်ရက်လောက်ထားလိုက်ပါ။ အနံ့ဆိုးတွေကို စုပ်ယူသွားပါလိမ့်မယ်။

ကော်လံနဲ့ ရှပ်အင်္ကျီတွေကို ဝတ်တဲ့အခါမှာ ကော်လံကတောင့်တောင့်လေးဖြစ်နေမှ ကြည့်ကောင်းတာပါ။ အချိန်မရှိလို့ပဲဖြစ်ဖြစ်၊ ကော်လံကကြေနေလို့ပဲဖြစ်ဖြစ် အလွယ်နည်းကိုသုံးပြီး ဆံပင်ဖြောင့်စက်နဲ့ ဖိလိုက်လို့ရပါတယ်။

အသားအရမ်းနုတဲ့အဝတ်အစားတွေနဲ့ ကျုံ့လွယ်တဲ့အဝတ်အစားတွေကိုလျှော်ရင် baby shampoo နဲ့လျှော်ပေးတာက ပျက်စီးမှုပိုနည်းပါတယ်။ ဇလုံထဲကို ရေကြက်သီးနွေးထည့်ပြီး လျှော်မယ့်အဝတ်တွေထည့်ပါ။ ပြီးရင် baby shampoo စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မိနစ် ၃၀ စိမ်ထားပါ။ ပြီးရင်တော့ လက်နဲ့ပဲသေချာပွတ်လျှော်ပေးပါ။

source:www.brightside.me