မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ ကိုယ်က အားကစားလည်းလုပ်တယ်၊ အဆီအဆိမ့်တွေလည်း ရှောင်တယ်၊ ကြက်ကြော်တို့ ဟမ်ဘာဂါတို့ စတဲ့အသင့်စား အစားအစာတွေကိုလည်း စိတ်ကူးထဲတောင် မထည့်မိအောင် ကြိုးစားနေရဲ့သားနဲ့ ဘာဖြစ်လို့ ကိုယ်အလေးချိန်မကျသေးလည်းဆိုတာ အဖြေရှာမရဖြစ်နေပါသလား။ ဒီအချက် ၅ ချက်ကြောင့် ဝိတ်မကျသေးတာတဲ့နော်။

၁။ အိပ်ချိန်များနေခြင်း

Source:Elemental Medium

အိပ်ချိန်နည်းနေရင်လည်း ခန္ဓာကိုယ်က စိတ်ဖိစီးစေတဲ့ ဟောမုန်းကိုထုတ်လုပ်ပြီး အစားအလွန်အကျွံစားချင်စိတ်ဖြစ်ပေါ်လာအောင် ပြုလုပ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အိပ်ချိန် ၁၀ နာရီထက် ကျော်လွန်မယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို တက်စေပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေက တစ်နေ့အိပ်ချိန် ၇ နာရီကနေ ၉ နာရီပဲကြာမြင့်သင့်တယ်လို့ ပြောကြားထားပါတယ်။

၂။ အိပ်ရာနိုးနေရင်တောင် အခန်းကို အမှောင်ချထားခြင်း

အိပ်ရာနိုးတာနဲ့ လိုက်ကာလေးဖွင့်မယ်၊ ပြတင်းပေါက်လေးဖွင့်ခြင်းဖြင့် နေရောင်ခြည်ထဲက အပြာအလင်းတန်းလှိုင်းတွေက သင့်ခန္ဓာကိုယ်ကို နိုးကြားတက်ကြွလာအောင် ပြုလုပ်ပေးပါတယ်။ မနက်ခင်းအလင်းရောင်ကို မိနစ် ၂၀၊ ၃၀ ခန့် ရရှိခြင်းက သင့်ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်လို့ပါပဲ။

၃။ နိုးလာတာနဲ့ အိပ်ရာမသိမ်းခြင်း

Source: Stocksy United

အမေရိကန်နိုင်ငံက အိပ်စက်ခြင်းဆိုင်ရာ လေ့လာချက်တစ်ခုအရ မနက်ခင်းနိုးလာတာနဲ့ အိပ်ရာသိမ်းပြီး ညဘက်ကျ အိပ်ရာသပ်သပ်ရပ်ရပ်လေးပေါ်မှာ အိပ်စက်ခြင်းက ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်အောင် ပြုလုပ်ပေးပြီး ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူပြုတယ်လို့ ဆိုထားပါတယ်။

၄။ ကိုယ်အလေးချိန် ချိန်ဖို့ မေ့လျော့ခြင်း

နေ့စဉ်မှန်မှန် ကိုယ်အလေးချိန် ချိန်ခြင်းက ဝိတ်ကျဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ Cornell တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေ ပြောကြားထားပါတယ်။ ကိုယ်အလေးချိန် ချိန်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မနက်နိုးနိုးချင်း အစာမစားခင်၊ ရေမသောက်ရသေးတဲ့အချိန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ညဘက်အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေ မရှိတော့တဲ့အတွက်ကြောင့် တိကျတဲ့ကိုယ်အလေးချိန်ကို ရရှိနိုင်လို့ပါပဲ။

၅။ မနက်စာ နည်းနည်းလေးပဲ စားခြင်း 

Tel Aviv တက္ကသိုလ်က သုတေသနပညာရှင်တွေ ပြောကြားချက်အရ အရသာရှိတဲ့ မနက်စာကို စားသုံးခြင်းဖြင့် မိမိကိုယ်ကိုအလိုလိုက်ခြင်းက ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်တဲ့။ ပရိုတိန်းဓာတ်၊ ကာဗိုဟိုက်ဒြိုက်ဓာတ်နဲ့ အချိုဓာတ်များ စုစည်းပါဝင်တဲ့ ကယ်လိုရီ ၆၀၀ ခန့်ပါဝင်သောမနက်စာ စားသုံးပေးခြင်းက မိမိရဲ့ဝိတ်ချမယ့် အစီအစဉ်ကို မပျက်မကွက်လိုက်နာနိုင်အောင် ကူညီပေးနိုင်လို့ပါပဲ။ ကဲ အခုဆိုရင် ဘာဖြစ်လို့ ဝိတ်မကျသေးတာလဲဆိုတာ သိပြီးလောက်ပြီပေါ့နော်။

Source: Brightside