နှုတ်ခမ်းက အရင်ထက်ပိုမဲလာတယ်၊ ညိုလာတယ်ဆိုတာ ကိုယ်တိုင်သတိမထားမိပဲ လုပ်နေမိတဲ့ ဒီအလေ့အကျင့်တွေကြောင့် အများဆုံးဖြစ်တာပါ။

နှုတ်ခမ်းအစိုဓာတ်မရှိတာ

နှုတ်ခမ်းသားကခြောက်ပြီး ကွဲနေတာကို ဒီတိုင်းထားမယ်ဆိုရင် ကြာလာတဲ့အခါမှာ နှုတ်ခမ်းသားကမဲလာပါလိမ့်မယ်။ ဒါကြောင့် နေ့တိုင်း နှုတ်ခမ်းအစိုဓာတ်ရှိအောင် lip balm ဆိုးပေးဖို့လိုပါတယ်။

ဆဲလ်သေတွေကိုမဖယ်ရှားဘူး

နှုတ်ခမ်းသားခြောက်ပြီး ကွဲနေတာတွေ သက်သာဖို့အတွက် နှုတ်ခမ်းကို ပုံမှန် exfoliate လုပ်ပေးရပါတယ်။ exfoliate လုပ်ပေးမှသာ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး healthy lips ဖြစ်နေမှာပါ။

Sunblock မသုံးမိတာ

မျက်နှာနဲ့ခန္ဓာကိုယ်ကို sunscreen လိမ်းသလိုပဲ နှုတ်ခမ်းကိုလည်း sunblock ဆိုးပေးဖို့ လိုပါတယ် နေရောင်ခြည်အရမ်းထိပြီး sunburn ဖြစ်သွားရင်လည်း နှုတ်ခမ်းသားမဲစေပါတယ်။ ဒါကြောင့် နေ့ခင်းပိုင်းတွေ၊ နေပူထဲသွားတဲ့အခါတွေမှာ SPF 30 လောက်ပါတဲ့ lip balm မျိုးကို ဆိုးပေးပါ။

ဆေးလိပ်သောက်တာ

ဆေးလိပ်ပုံမှန်သောက်နေတဲ့သူက နှုတ်ခမ်းသား တစ်ဖြေးဖြေးနဲ့မဲလာတယ်ဆိုတာကို လူတိုင်းသိပြီးသားပါ။ ဒါကြောင့် နှုတ်ခမ်းမမဲချင်ရင်တော့ ဆေးလိပ်သောက်တာကို ရှောင်ရပါမယ်။

Lip care မလုပ်ခြင်း

Lip care မလုပ်ရင်လည်း နှုတ်ခမ်းသားပျက်စီးပြီး မဲစေပါတယ်။ မျက်နှာအသားအရေကို ဂရုစိုက်ပြီး skincare လုပ်ပေးသလိုပဲ နှုတ်ခမ်းကိုလည်း lip care လုပ်ပေးသင့်ပါတယ်။ ပုံမှန် နှုတ်ခမ်းကို exfoliate ဖြစ်တဲ့ lip scrub လုပ်ပေးပြီး lip balm, lip mask အမြဲလိမ်းပေးတာမျိုးပါ။ ညအိပ်ယာဝင်ခါနီးတိုင်း almond oil လိမ်းပြီး lip massage လုပ်ပေးရင်တော့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး နှုတ်ခမ်းသားကျန်းမာလှပစေပါတယ်။