အချိန်မရလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် gym မသွားနိုင်တော့တဲ့သူတွေအတွက် အိမ်မှာအလွယ်တကူ ပြောင်းဆော့လို့ရမယ့် gym မှာဆော့ရသော exercise တွေကို ဖော်ပြပေးလိုက်ပါတယ်။

Dumbbell lunges

Gym မှာဆော့သလို အလေးတုံးမရှိလည်း လေးတဲ့အရာနှစ်ခုကို လက်မှာကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို နောက်ဆန့်ပြီး ခြေထောက်တစ်ဖက်က ကွေးလိုက်ပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်စီ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရမှာဖြစ်ပါတယ်။

Work arms

Towel ကိုသုံးပြီး ဒီလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ ပုံမှာပြထားတဲ့အတိုင်း towel ကို လက်နှစ်ဖက်နဲ့ဆန့်ဆွဲပြီး ကိုင်ထားပါ။ ပြီးရင် လက်ကိုအပေါ်မြှောက်လိုက်၊ ကွေးလိုက်နဲ့ ပုံထဲကလို အကြိမ် ၂၀ ဆက်တိုက်လုပ်ပေးပါ။

Weight

အလေးတုံးမရှိလည်း ရေသန့်ဘူးနှစ်ဘူးကို ပုံမှာပြထားတဲ့အတိုင်းကိုင်ပြီး မျက်နှာရှေ့ကိုပင့်တင်လိုက်၊ ပြန်ချလိုက်နဲ့သာ လုပ်ပေးပါ။ အကြိမ် ၂၀ ဆက်တိုက်လုပ်ရပါမယ်။

Abs

Abs ဆော့ဖို့အတွက် အရင်ဆုံး နောက်မှီပါတဲ့ခုံမှာ ပထမပုံထဲကလိုထိုင်ပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို ခြေထောက်ကိုမြှောက်လိုက်၊ ပထမပုံထဲကလို ပြန်ဆန့်လိုက်နဲ့ ဆက်တိုက် ၁၀ ကြိမ်လုပ်ပေးပါ။ ပြီးရင် ခဏရပ်ပြီး ၁၀ ကြိမ်ထပ်လုပ်ပါ။ စုစုပေါင်းအကြိမ် ၃၀ လုပ်ရပါမယ်။

Push-ups

ကုတင်ကိုလက်နဲ့ထောက်ပြီး push-ups လုပ်လို့ရပါတယ်။ ၁၅ ကြိမ်ဆက်တိုက်လုပ် ခဏနား ပြီးရင် ၁၅ ကြိမ် ထပ်လုပ်ပေးရုံပါပဲ။

Strengthening triceps

ဒီလေ့ကျင့်ခန်းကိုတော့ ခုံအပုလေးကိုသုံးပြီး လုပ်လို့ရပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ခုံမှာလက်ထောက်ပြီး လုပ်ရုံပါပဲ။ သူ့ကိုလည်း ၁၅ ကြိမ်ဆက်တိုက်လုပ် ခဏနား ပြီးရင် ၁၅ ကြိမ်ထပ်လုပ်ပေးပါ။