အနေဝေးနေကြတဲ့ Long-Distance Relationship တွေအတွက် ဖုန်းပြောတာ၊ စာပို့တာလောက်နဲ့ တစ်နေ့တာကုန်ဆုံးသွားတာမျိုးမဟုတ်ပဲ ပိုပျော်စရာကောင်းအောင်၊ ကြည်နူးစရာကောင်းအောင် တူတူလုပ်လို့ရတဲ့ ပျော်စရာ Activities လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Online Game တူတူဆော့ကြည့်ပါ

အားတဲ့အချိန်မျိုးမှာ Online Game တူတူဆော့ကြည့်ပါ။ တစ်ခါတစ်လေကျရင် ဖုန်းပဲပြောနေရတာထက် ဒီလိုလေးတွေလုပ်ကြည့်တာက ပိုပျော်စရာကောင်းပါတယ်။ Game ဆော့ရတာကြိုက်တဲ့ Couple တွေကတော့ ပိုတောင်လုပ်ကြည့်သင့်ပါတယ်နော်။

Dinner Date လုပ်ကြည့်ပါ

အနေဝေးနေတဲ့အတွက် သူများတွေလို Date မလုပ်နိုင်တဲ့အချိန်မှာ Romantic ဆန်ဆန် Video Call နဲ့ Dinner Date လုပ်လို့ရပါတယ်နော်။ Anniversary နေ့တွေမှာပဲဖြစ်ဖြစ်၊ တစ်ပတ်တစ်ခါလောက်ပဲဖြစ်ဖြစ် ဒီလိုလေးလုပ်ကြည့်ပါ။ ပိုပျော်စရာကောင်းပါလိမ့်မယ်။

တူတူအားကစားလုပ်ကြည့်ပါ

နှစ်ယောက်လုံးအားတဲ့အချိန်တစ်ခုကို သတ်မှတ်ပြီးတော့ တူတူအားကစားလုပ်တာမျိုး Workout လုပ်တာမျိုးတွေလည်း Try ကြည့်ပါ။ တစ်ယောက်ထဲလုပ်ရတာထက် ပိုပျော်စရာကောင်းမှာပါ။

ရုပ်ရှင်တူတူကြည့်ပါ

ဖုန်းပြောလိုက်၊ စာပို့လိုက်နဲ့ပဲ မလုပ်ပါနဲ့။ တစ်ပတ်မှာ ၁ ရက်၊ ၂ ရက်လောက် ရုပ်ရှင်တူတူကြည့်ကြည့်ပါ။ အပြင်မှာ Date ပြီး တူတူသွားမကြည့်နိုင်လည်း ဒီလိုလေးကြည့်လို့ရတာပဲနော်။

အတူတူဟင်းချက်ကြည့်ပါ

ပိတ်ရက်တွေမှာဆိုရင်တော့ အားတဲ့အခါ Video Call ခေါ်ပြီး တူတူဟင်းချက်တာမျိုးလည်း လုပ်ကြည့်နော်။ အရမ်းပျော်စရာကောင်းပါတယ်။ တူတူချက်ပြုပြီး တူတူစားလို့ရတာပေါ့။ အနေဝေးနေလည်း အပြင်မှာမတွေ့ရလည်း ကြည်နူးစရာကောင်းအောင်၊ ပျော်စရာကောင်းအောင် ဒီလိုလေးတွေကြံဖန်ပြီး လုပ်လို့ရပါတယ်။ နောက်ထပ် ပျော်စရာကောင်းတဲ့ Activities လေးတွေ ထပ်ရှိသေးရင်လည်း တူတူလုပ်ကြည့်နော်။