ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို တစ်နေရာချင်းစီအတွက် လေ့ကျင့်ခန်းတွေ တစ်ခုချင်းစီ သီးသန့်လုပ်နေမယ့်အစား ခန္ဓာကိုယ်တစ်ခုလုံး သူ့နေရာနဲ့သူ အချိုးအစားကျပြီး လှပသွားအောင်၊ ရှိသင့်တဲ့နေရာရှိပြီး ကျသင့်တဲ့နေရာကျသွားအောင် Whole Body Exercises တွေလုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါကြောင့် မိန်းကလေးတွေအတွက် ၄ ပတ်အတွင်းမှာ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲလာစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

Plank

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အတိုင်း ၂ မိနစ်ရအောင် Plank ထောက်ပြီးနေရမှာပါ။ ၂ မိနစ်မနေနိုင်ရင် ၁ မိနစ်ရအောင်နေပြီး ၁၀စက္ကန့်နား ပြီးမှ ၁ မိနစ် ထပ်နေပါ။

Push-ups

Push-ups ကတော့ ဒိုက်ထိုးတာနဲ့ တူပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ၁ မိနစ်ပြည့်အောင် လုပ်ပေးရုံပါပဲ။ ၁ မိနစ် ဆက်တိုက်လုပ်ပေးရပါမယ်။

Thigh & buttock muscles workout

ယောဂဖျာပေါ်မှာ ပထမပုံထဲကလို ဘယ်ဘက်ဒူးကိုထောက်ပြီး ညာဘက်ဒူးက နည်းနည်းမြှင့်ပြီး ကကွေးထားပါ။ ညာဘက်လက်ဖဝါးကိုထောက်ပြီး ဘယ်ဘက်လက်က ပုံထဲကလို အားနဲ့ညှစ်ထားပါ။

ပြီးတာနဲ့ ဒုတိယပုံထဲကလို ပြောင်းလုပ်ရပါမယ်။ မြှောက်ပြီးကွေးထားတဲ့ဘက်က ခြေထောက်ကို အနောက်ဆန့်ထုတ်လိုက်ပါ။ ညှစ်ထားတဲ့လက်ကို အရှေ့ကို ဆန့်ထုတ်လိုက်ပါ။

အဲ့အတိုင်း Position နှစ်မျိုးကို တစ်လှည့်စီ ၁ မိနစ် ဆက်တိုက်လုပ်ပေးရပါမယ်။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး ၁ မိနစ် ထပ်လုပ်ပေးပါ။

Squats

လက်နှစ်ဖက်ကိုရှေ့ထုတ်၊ မျက်နှာရှေ့တည့်တည့်မှာ လက်သီးဆုပ်ထားပြီး ခြေထောက်ကိုကားထားပါ။ ပြီးရင်တော့ ပုံမှာပြထားသလို တစ်ဝက်လောက်ပဲထိုင်ရပါမယ်။ ဆောင့်ဆောင့်ထိုင်သလိုမျိုး မထိုင်ချရပါဘူး။ အဲ့အတိုင်း ထိုင်လိုက်ထလိုက်နဲ့ ၁ မိနစ်ဆက်တိုက် လုပ်ပေးရပါမယ်။

Abs

လှဲအိပ်ပြီး ဒူးထောင်ကာ ခြေထောက်နှစ်ဖက်ကိုကားပါ။ လက်နှစ်ဖက်ကိုလည်း အပေါ်ကိုဆန့်ထားပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို ကုန်းထရပါမယ်။ အဲ့အတိုင်း ၁ မိနစ်ပြည့်အောင် ဆက်တိုက်လုပ်ပေးရုံပါပဲ။

Abs + buttocks

ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနဲ့ထောက်ထားပြီး ဒူးတစ်ဖက်ကွေးပြီး ခြေဖဝါးနဲ့ထောက်ထားပါ။ နောက်ခြေထောက်တစ်ဖက်က အပေါ်မြှောက်ထားပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို ခန္ဓာကိုယ်အလယ်ပိုင်းကို အောက်နှိမ့်ချလိုက်ရမှာပါ။ အဲ့တိုင်း တစ်လှည့်စီ ဆက်တိုက် ၁ မိနစ်ပြည့်အောင် လုပ်ရပါမယ်။

Waist

ပုံမှာပြထားတဲ့အတိုင်း မှောက်အိပ်ပြီး လက်နှစ်ဖက်ယှက်ထားတဲ့အပေါ် နဖူးတင်ထားပါ။ ပြီးရင် အဲ့လက်နှစ်ဖက်ကို ဒုတိယပုံထဲကလို အပေါ်မြှောက်ပါ။ အဲ့အတိုင်း ၂ မျိုးကို ဆက်တိုက်လုပ်ပေးရပါမယ်။ သူကတော့ ၂ မိနစ်လုပ်ပေးရမှာပါ။

source:www.brightside.me