Calories တွေများများလောင်ကျွမ်းလေ အဆီကျ၊ ဝိတ်ကျလေပဲဆိုတော့ ဒီတစ်ခါမှာ Exercise လုပ်ရုံနဲ့ Calories 500 လောင်ကျွမ်းသွားစေမယ့် Exercise တွေကို ဖော်ပြပေးလိုက်ပါတယ်။
Running
တစ်နေ့ကို 45 မိနစ်လောက် ပြေးပေးခြင်းက Calories 500 တောင် လောင်ကျွမ်းစေဖို့ အထောက်အကူပြုပါတယ်။ တစ်နေ့ထဲပြေးရုံနဲ့တော့ ဖြစ်မှာမဟုတ်တဲ့အတွက် နေ့တိုင်းလုပ်ဖို့လိုပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းလည်း သိသိသာသာ တိုးစေပြီး သက်လုံကောင်းစေပါတယ်။
High-Intensity Interval Training (HIIT)
High-Intensity Interval Training (HIIT) လိုမျိုး ပြင်းထန်တဲ့ Exercise တွေကလည်း Calories 500 လောက်ကို လောင်ကျွမ်းစေတဲ့ ထိရောက်သော Exercise တွေ ဖြစ်ပါတယ်။
Swimming
ရေကူးခြင်းက Calories တွေများစွာလောင်ကျွမ်းစေပါတယ်။ 155 ပေါင်လောက်ရှိတဲ့သူက Freestyle ရေကူးပေးရင် တစ်နာရီအတွင်း Calories 500 လောက် လောင်ကျွမ်းစေပါတယ်။
Cycling
ရေကူးခြင်းနဲ့ စက်ဘီးစီးခြင်းက Calories လောင်းကျွမ်းမှုကို ထိရောက်စေတဲ့ Exercise တွေ ဖြစ်ပါတယ်။ အိမ်မှာ စက်နဲ့ စက်ဘီးစီးတာပဲဖြစ်ဖြစ် ၊ အပြင်ထွက်ပြီး စီးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ စက်ဘီးစီးခြင်းက Calories လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အောက်ပိုင်း ကျန်းမာစေပါတယ်။
Jump Rope
ကြိုးခုန်ပေးခြင်းက Calories တွေ များစွာလောင်ကျွမ်းရုံတင်မဟုတ်ပဲ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။
Circuit Training
High-Intensity Interval Training (HIIT) လိုပြင်းထန်တဲ့ Exercise တွေ မလုပ်နိုင်တဲ့သူဆိုရင် အလယ်အလတ်လောက်ပဲ ပြင်းထန်တဲ့ Circuit Training တွေ လုပ်ပေးနိုင်ပါတယ်။ ဒါလည်း Calories 500 လောက် လောင်ကျွမ်းစေတာပါပဲ။
High-Impact Aerobics
ကခုန်ရတာ ဝါသနာပါတဲ့သူဆိုရင် High-Impact Aerobics တွေလုပ်ပါ။ Calories 500 လောင်ကျွမ်းဖို့ အသာလေးပဲနော်။ စိတ်လည်းပျော်ရွှင်ပြီး တက်ကြွမှု ရှိလာစေပါတယ်။