လက်ပြင်ကုန်းတာမျိုးတွေ၊ ခါးကုန်းတာမျိုးတွေ ဖြစ်နေတဲ့သူများအတွက် ကိုယ်ဟန်အနေအထား ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်းလွယ်ကူတဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားက တစ်မျိုးဖြစ်နေတယ်လို့ထင်ရင် ဒီလေ့ကျင့်ခန်းတွေကို လုပ်ကြည့်သင့်ပါတယ်။

မတ်တပ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို နည်းနည်းကားထားပါ။ လက်နှစ်ဖက်ကိုဘေးကားလိုက်၊ အရှေ့ကိုယှက်လိုက်နဲ့ လုပ်ပေးရပါမယ်။ ၄၅ စက္ကန့်ကနေ ၁ မိနစ်အထိ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း အရှေ့ကိုကုန်းပြီး လက်သီးဆုပ်ကို ပက်လက်အနေအထားနဲ့ထားပါ။ အရှေ့ကိုအားယူညှစ်ပြီး ဒုတိယပုံထဲကလို ဘေးကိုဆန့်လိုက်ပါ။ အဲ့အတိုင်း ၄၅ စက္ကန့်ကနေ ၁ မိနစ်အထိ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

လေးဘက်ထောက်ပြီး ညာလက်နဲ့ ကြမ်းကိုထောက်ထားပါ။ ခေါင်းကို ဘယ်စောင်းပါ။ ဘယ်လက်ကိုမြှောက်ပြီး ပထမပုံထဲကလို လည်ပင်းကို ထိထားပေးပါ။ ပြီးရင်တော့ ခေါင်းကိုညာစောင်းပြီး ဒုတိယပုံထဲကလို ဘယ်လက်ကအောက်ချပြီး လည်ပင်းကိုထိထားပါ။ အဲ့အတိုင်း ၄၅ စက္ကန့်လောက်လုပ်ပြီးရင် ဘယ်လက်နဲ့ ကြမ်းကိုထောက်ပြီး အဲ့လိုမျိုး ၄၅ စက္ကန့် ထပ်လုပ်ပေးပါ။

ခြေချောင်းတွေကို အပြင်ဘက်လှည့်ပြီး squat ထိုင်သလို ထိုင်ပေးပါ။ လက်နှစ်ဖက်က ပထမပုံထဲကလို အရှေ့ကိုယှက်ထားပါ။ ပြီးတာနဲ့ ဒုတိယပုံထဲကလို ညာဘက်လက်ကိုအပေါ်မြှောက်ပြီး ခေါင်းကလည်း ညာဘက်ကိုလှည့်ပါ။ ပြီးရင်တော့ ဘယ်ဘက်လက်ကိုအပေါ်မြှောက်ပြီး ခေါင်းကလည်း ဘယ်ဘက်ကိုလှည့်ပါ။ အဲ့အတိုင်း ၁ မိနစ်လုပ်ပေးရပါမယ်။

လက်နှစ်ဖက်ကို ခေါင်းနောက်ထားပြီး ခုံမှာမတ်မတ်ထိုင်ပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို အနောက်ကိုလှန်ပါ။ ပြီးရင် ပြန်မတ်ပါ။ အဲ့အတိုင်း ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

ခေါင်းကနေ တင်ပါးအထိတင်လို့ရတဲ့ ခေါင်းအုံးအမာ (သို့) ဆိုဖာကို သုံးပြီးလုပ်ပေးရပါမယ်။ ပထမပုံထဲကလိုနေပြီး လက်နှစ်ဖက်က ဘေးကိုချထားပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို လက်နှစ်ဖက်ကို အပေါ်မြှောက်ပါ။ ပြီးရင် ဘေးပြန်ချပါ။ အဲ့အတိုင်း ၃ မိနစ်ကနေ မိနစ် ၂၀ အထိ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

Elastic band (သို့) towel ကို သုံးပြီး လုပ်ပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ အရင်ဆုံး ပထမပုံထဲကလို လက်နှစ်ဖက်ကို အရှေ့ဆန့်ပြီး elastic band (သို့) towel နဲ့ စုလိုက်၊ ကားလိုက် လုပ်ပေးရပါမယ်။ ၄၅ စက္ကန့်လောက် လုပ်ပေးပါ။

ပြီးရင်တော့ ဒုတိယပုံထဲကလို လက်နှစ်ဖက်ကို အနောက်မှာထားပြီး elastic band (သို့) towel နဲ့ စုလိုက်၊ ကားလိုက် လုပ်ပေးရပါမယ်။ ဒါလည်း ၄၅ စက္ကန့်လောက် လုပ်ပေးပါ။