ဝိတ်ချနေတဲ့သူတွေအတွက် အရေးအကြီးဆုံးအရာက ဗိုက်ခဏခဏမဆာဖို့ပါပဲ။ ဗိုက်ဆာပြီဆိုရင်တော့ မစားပဲမနေနိုင်ကြဘူးလေ။ ဒီတော့စားမိရင် ဝိတ်တက်လာပြန်ရော။ ဒါကြောင့် ခဏခဏ ဗိုက်ဆာတတ်တဲ့စိတ်ကို ထိန်းချုပ်ပေးနိုင်မယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေလုပ်လို့ ဗိုက်လုံးဝမဆာတော့ဘူးဆိုတာမျိုးတော့ မဟုတ်ပေမယ့် ဗိုက်ခဏခဏဆာတတ်တာကိုတော့ လျော့သွားအောင် ကူညီပေးနိုင်ပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ၃ စက္ကန့်လောက်နေပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ ၁၀ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

အနည်းဆုံး ၅ မိနစ် မျက်စိမှိတ်၊ အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပြီး တရားထိုင်ပေးပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အချိန်ကို တိုးလို့ရပါတယ်။

ပုံမှာပြထားတဲ့အနေအထားနဲ့ ကိုယ်နေနိုင်သလောက် နေပေးပါ။ ဦးခေါင်းက ကြမ်းပြင်နဲ့ ထိနေရပါမယ်။ ဒီအနေအထားကိုတော့ လုပ်ရတာအရမ်းခက်ခဲနေရင် ကျော်သွားပေးပါ။

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ ပြည့်အောင်နေပြီး အသက်ကိုရှိုုက်ပြီး ရှူသွင်းရှူထုတ်လုပ်ပေးပါ။

Plank ထောက်ပေးပါ။ ကိုယ်နေနိုင်သလောက် နေလို့ရပါတယ်။

ပုံမှာပြထားတဲ့ Tree Pose အတိုင်းနေပြီး အသက်ကို ရှူသွင်းရှူထုတ် သေချာလုပ်ပေးပါ။ ဒါလည်း ကိုယ်လုပ်ချင်သလောက် လုပ်လို့ရပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် အနည်းငယ်နေပေးပါ။ ပြီးရင် ခြေထောက်ပြန်ချပြီး ထပ်လုပ်ပေးပါ။ အနည်းဆုံး ၅ ကြိမ်လောက်တော့ လုပ်ပေးပါ။

Source: www.brightside.me