အသက်ကြီးလာလေ လေ့ကျင့်ခန်းက ပိုလုပ်သင့်လေပါပဲ။ ကျန်းမာရေးအတွက်လည်း အရမ်းအဆင်ပြေပါတယ်။ အရမ်းပင်ပန်းစေတာမျိုးတွေ လုပ်စရာလည်း မလိုပါဘူး။ လွယ်ကူတာလေးတွေကို ပုံမှန်လုပ်သွားရင် ရနေပါပြီ။ ဒါကြောင့် အသက် ၄၀ ကျော်လာပြီဆိုရင် ပုံမှန်လေးလုပ်သွားသင့်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

Jumping Jacks

ခြေထောက်နဲ့လက်ကို ခုန်ပြီးကားလိုက်၊ ပြန်စုလိုက်နဲ့ ပုံမှာပြထားတဲ့အတိုင်း ၁၀ ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။

Wall Sit

နံရံမှာကပ်ပြီး ထိုင်လိုက်၊ ထလိုက် လုပ်ပေးရမှာပါ။ အရမ်းလွယ်ပါတယ်။ ဒါလည်း ၇ ကြိမ်မှ ၁၀ ကြိမ်အထိ ကိုယ်အဆင်ပြေသလို လုပ်ပေးရင် ရပါပြီ။

Push-up

Push-up ကတော့ လူတိုင်းသိမှာပါ။ ပုံမှပြထားတဲ့အတိုင်းလေး လုပ်ပေးရုံပါပဲ။ ၁၀ ကြိမ်လောက်လုပ်ရင် ရပါတယ်။
အသက်ကြီးလို့ မလုပ်နိုင်ရင် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ ကိုယ်အဆင်ပြေသလောက်လေး လုပ်ပေးပါ။

Abdominal Crunches

လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပြီး နည်းနည်းထလိုက်၊ ပြန်လှဲလိုက် လုပ်ရမှာပါ။ ဒူးထောင်ထားရပါမယ်။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ရင် ရပါတယ်။

High Knees

ပုံမှာလုပ်ပြထားသလို ခြေထောက်တစ်ဖက်ကို မြှောက်ပြီးကွေးလိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ရင်ဘတ်နားအထိရောက်အောင် ကွေးပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၅ ကြိမ်၊ ၇ ကြိမ်လောက်ပဲ လုပ်ပေးရင် ရပါပြီ။

Plank

Plank ထောက်တာကတော့ ပုံမှာပြထားတဲ့အတိုင်းလုပ်ပြီး အနည်းဆုံး ၁၀ စက္ကန့်မှ စက္ကန့် ၃၀ လောက်အထိ နေပေးပါ။ ဗိုက်ကအဆီတွေ သိသိသာသာကျစေဖို့ ကူညီပေးမယ့် အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။