ဟယ်လို ဟယ်လို ပျိုမေလေးတို့ရေ….ဆွဲဆောင်မှုရှိရှိလှပနေစေဖို့ဆိုရင် ဆံပင်ထူထဲတောက်ပြောင်လှပနေရုံနဲ့ မလုံလောက်သေးပါဘူးနော်။ ဆံပင်အနံ့လေးမွှေးနေဖို့ကလည်း လိုအပ်ပါသေးတယ်နော်။ တော်တော်များများက ဆံသားလှပဖို့ကိုပဲ့ ဂရုစိုက်ထိန်းသိမ်းလေ့ရှိကြပြီး ဆံသားအနံ့ကောင်းဖို့အတွက် သေချာထိန်းသိမ်းဖို့ကို မေ့လျောနေတတ်ပါတယ်။

တစ်ချို့ဆံပင်တွေဆိုရင် ခေါင်းခဏခဏလျှော်နေလည်း ချွေးထွက်များတာကြောင့် ဆံပင်တွေမှာမကောင်းတဲ့အနံ့အသက်တွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

Dry Shampoo ဆောင်ထားပေးပါ

Source: BeautyGlimpse

ခေါင်းလျှော်ဖို့အချိန်မရတော့တဲ့အခါမျိုးမှာ အသုံးပြုရတဲ့ Dry Shampoo ပဲဖြစ်ပါတယ်။ ပျိုမေတို့ရဲ့မှန်တင်ခုံပေါ်မှာ တစ်ခုလောက်တော့ဆောင်ထားပေးမယ်ဆိုရင် ပိုပြီးတော့အဆင်ပြေစေမှာပါ။ တစ်ခါတစ်လေအပြင်သွားခါနီးမှ ဆံပင်တွေကနံနေတယ်ဆိုတာကို သတိထားမိသွားမယ်ဆိုရင် Dry Shampoo လေးကိုသုံးပြီး အနံ့သက်တွေပျောက်သွားအောင် လုပ်ပေးလို့ရပါတယ်နော်။

ရေမွှေးသုံးပေးပါ

ဆံပင်တွေက အနံ့သက်မကောင်းတော့လို့ အရေးကြုံလာပြီဆိုရင် အလွယ်တကူဖြေရှင်းဖို့အတွက် ရေမွှေးလေးတော့ရှိနေသင့်ပါတယ်။ ရေမွှေးကိုလက်ထဲမှာအနည်းငယ်ဖြန်းပေးလိုက်ပြီး ဆံသားတွေပေါ်မှာ ပွတ်ပေးလိုက်မယ်ဆိုရင် အနံ့သက်တွေကိုနည်းနည်းတော့ လျော့နည်းသွားစေမှာပါ။

Dryerသုံးတဲ့အချိန်

Source: Nykaa

ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောင်အောင် Dryer ကိုအသုံးပြုတဲ့အခါမှာ အပူချိန်များနေတာမျိုးကို မသုံးဖို့အကြံပေးချင်ပါတယ်။ အပူချိန်များတာမျိုးနဲ့ ဆံပင်ကိုခြောက်အောင်လုပ်တဲ့အခါမှာ လေအေးကိုပဲ့ သုံးပေးမယ်ဆိုရငင်တော့ ဆံပင်ကိုခဏလေးနဲ့ အနံ့ထွက်တာမျိုးကို လျော့နည်းစေမှာပဲဖြစ်ပါတယ်နော်။