မျက်ကွင်းညိုတဲ့သူတွေအတွက် မျက်ကွင်းညိုတာသက်သာဖို့ ပုံမှန်လုပ်ပေးသင့်တဲ့ လွယ်ကူသော home remedies တွေကို ပြောပြပေးလိုက်ပါတယ်။ ဘာကြောင့်ပဲ မျက်ကွင်းညိုညို အရေးအကြီးဆုံးကတော့ အိပ်ရေးဝအောင် အိပ်ဖို့ပါပဲ။ အိပ်ချိန်မှန်ဖို့ပါပဲ။

Tea bags ကပ်ခြင်း

ပထမဆုံး home remedy ကတော့ tea bags ကပ်ပေးရမှာပါ။ Tea bags နှစ်ထုပ်ကို ရေခဲသေတ္တာထဲ ၁၀ မိနစ်ထည့်ထားပြီး မျက်ကွင်းညိုတဲ့နေရာလေးမှာ ကပ်ထားပေးပါ။ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ကပ်ထားပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်သာ ပုံမှန်လုပ်ပေးပါ။ မျက်ကွင်းညိုတာအပြင် မျက်အိတ်ဖောင်းတာပါ သက်သာစေပါတယ်။

သခွားသီးကပ်ခြင်း

သခွားသီးကို အချပ်လေးတွေလှီးပြီး မျက်လုံးမှာအုပ်ထားပေးပါ။ အဓိကကတော့ မျက်ကွင်းညိုတဲ့နေရာကို အုပ်ထားပါ။ ၅ မိနစ်ကနေ ၇ မိနစ်အထိ အုပ်ထားပေးပါ။ အချိန်ပြည့်ရင် မျက်နှာပြန်သစ်လိုက်ပါ။ တစ်နေ့ကို တစ်ကြိမ်သာ ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ ဖြေးဖြေးချင်းစီ လျော့ကျသွားမှာပါ။

ပူစီနံအရွက်ကပ်ခြင်း

ပူစီနံအရွက်ကို ကြိတ်ချေပြီး မျက်ကွင်းညိုတဲ့နေရာမှာ ၁၀ မိနစ်လောက် အုံထားပေးပါ။ အချိန်ပြည့်ရင် ရေနဲ့ပြန်သန့်စင်ပါ။ မျက်ကွင်းညိုတာ သက်သာစေပြီး အသားအရေ bright ဖြစ်လာစေပါတယ်။

အုန်းဆီနဲ့ Massage လုပ်ပေးခြင်း

အဆီပြန်တဲ့အသားအရေမဟုတ်ရင် မျက်ကွင်းညိုတဲ့နေရာကို အုန်းဆီစစ်စစ်လိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ်နှိပ်နယ်ပေးပါ။ ညအိပ်ယာဝင်ခါနီးတိုင်း လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာပြီး မျက်လုံးနားတစ်ဝိုက် အသားခြောက်တာ သက်သာလာစေပါတယ်။

အာလူးအရည်လိမ်းပေးခြင်း

အာလူးကိုခြစ်ပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့အားလူးအရည်ကို ဂွမ်းလုံးလေးနဲ့ယူပြီး မျက်ကွင်းညိုတဲ့နေရာကို ဖြေးဖြေးချင်းစီ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေခဲရေနဲ့ သန့်စင်ပေးပါ။ မျက်ကွင်းညိုတာ သက်သာပြီး မျက်အိပ်ဖောင်းတာလည်း သက်သာစေပါတယ်။