ကိုယ်ရောစိတ်ပါ ထိုင်းမှိုင်းနေတာတွေပျောက်ပြီး ခန္ဓာကိုယ် refresh ဖြစ်သွားသလို ခံစားရစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကွန်ပြူတာသမားတွေဆို အကြောတက်ပြီး ပုခုံးကြောတွေတင်းတာ၊ ခါးနာတာတွေ ဖြစ်တတ်လို့ ပိုတောင်လုပ်ပေးသင့်ပါတယ်။ အိမ်မှာ လွယ်လွယ်ကူကူ လုပ်လို့ရတာတွေဖြစ်လို့ အချိန်ရရင် လုပ်ကြည့်သင့်ပါတယ်။

Back stretch

ပုံမှာပြထားတဲ့အတိုင်း မှောက်နေပြီး နဖူးအောက်မှာ ခေါင်းအုံးထည့်ထားပါ။ ပြီးရင် လက်နှစ်ဖက်ကိုလည်း ပုံမှာပြထားသလို မျက်နှာရှေ့မှာ ယှက်ထားပါ။ အဲ့အနေအထားနဲ့ ၈ ကြိမ် အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပြီး ပြန်လုပ်ကြည့်ပါ။

Neck stretch

သဘက်ကိုအသုံးပြုပြီး ပုံမှာပြထားသလိုလေး ခေါင်းကို သဘက်နဲ့ဆွဲတင်လိုက်၊ ခေါင်းပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။

Flat back

ခုံပေါ်ကို လက်တင်ပြီး နဖူးပါတင်ထားပါ။ ပြီးရင် ခါးနဲ့ကျောကို တန်းနေအောင် ပုံမှာပြထားသလိုထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ လောက်နေပြီးရင် ပြန်မတ်၊ ပြီးရင် ၄ ခါလောက် ပြန်လုပ်ကြည့်ပါ။

Thread the needle

ပုံမှာပြထားသလို အနေအထားနဲ့ ၁၅ စက္ကန့်နေ၊ ပြီးရင် ဘယ်ညာပြောင်းပြီး နောက်ထပ် ၁၅ စက္ကန့် ထပ်နေပါ။ အဲ့အတိုင်း တစ်ဖက်ကို အနည်းဆုံး ၃ ကြိမ်စီ လုပ်ပေးပါ။

Supine twist

ဒူးနှစ်ဖက်ကို ကွေးထားပြီး လက်နှစ်ဖက်ကို ဆန့်ကာ ပုံမှာပြထားသလို နေပေးပါ။ အဲ့အနေအထားနဲ့နေပြီး အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ ၆ ခါ လုပ်ပေးပါ။ ပြီးရင် ဒူးကို တစ်ဖက်လှည့်ပြောင်းပြီး အဲ့အတိုင်း ထပ်လုပ်ပေးပါ။ ခုနကလိုပဲ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး ၃ ကြိမ်လုပ်ပေးပါ။

Hip 90/90

ပုံမှာပြထားတဲ့အတိုင်း အရှေ့ခြေထောက်ကို ၉၀ ဒီဂရီ ကွေးပေးရမှာပါ။ အနောက်ခြေထောက်ကိုလည်း ပုံထဲကအတိုင်း လုပ်ပေးပါ။ ပြီးရင် ဘယ်ညာပြောင်းလုပ်ပါ။ အဲ့အတိုင်း တစ်ဖက်ကို ၃ ကြိမ် အနည်းဆုံး လုပ်ပေးပါ။