သင်ကိုယ်တိုင် နေ့စဉ်လုပ်မိနေတဲ့ ဒီအလေ့အကျင့်တွေကြောင့်လည်း သွားတွေဝါညစ်ပြီး စွန်းထင်းတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်သတိမထားမိပဲလုပ်နေမိတဲ့ ဒီအလေ့အကျင့်တွေကိုပြင်မှသာ လှပတဲ့သွားလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

Berry သီး

Berry သီးကိုစားတာက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ခဏခဏ အများကြီးစားရင်တော့ သွားတွေဝါညစ်ပြီး စွန်းထင်းတာမျိုး ဖြစ်စေပါတယ်။

Sugary soda

အအေးသောက်တဲ့အခါမှာ Sugary soda နဲ့ soft drink တွေက သွားတွေကို ပျက်စီးစေပါတယ်။ သွားတွေဝါညစ်ပြီး အရောင်စွန်းထင်းစေပါတယ်။ ခဏခဏသောက်ရင် အချိန်ကြာလာတဲ့အခါမှာ သွားတွေအရောင်ညစ်လာတာက သိသာပါတယ်။

အချိန်ကြာရေကူးခြင်း

ရေကူးကန်ထဲမှာ ၆ နာရီနဲ့အထက်နေပြီး ရေကူးတာဟာ သွားတွေအရောင်ညစ်စေပါတယ်။ အဓိကကတော့ ရေကူးကန်ထဲထည့်ထားတဲ့ chemical တွေနဲ့ chlorine တွေကြောင့်ပါပဲ။ သွားအရောင်က ဝါညစ်တာမျိုး၊ အညိုရောင်သမ်းတာမျိုးတွေ ဖြစ်လာစေပါတယ်။

ပလုတ်ကျင်းဆေးသုံးခြင်း

ပလုတ်ကျင်းဆေးကို ခဏခဏသုံးတာဟာ သွားအရောင်ပျက်စီးစေပါတယ်။ သွားတွေဝါညစ်ညစ် ဖြစ်စေပါတယ်။

သွားပွတ်တံမလဲခြင်း

ဖွာနေတဲ့သွားပွတ်တံကိုမလဲပဲ ဆက်သုံးနေတာဟာ သွားတိုက်လည်း ဘာမှမထူးပါဘူး။ သွားကြားထဲက အညစ်အကြေးတွေမပြောင်တဲ့အတွက် သွားကဝါညစ်လာပါလိမ့်မယ်။ ဒါကြောင့် သွားပွတ်တံကို ၁ လ တစ်ခါ၊ ၂ လ တစ်ခါ အသစ်လဲပေးဖို့ လိုပါတယ်။

ဟင်းခတ်အမွှေးအကြိုင်ကိုအလွန်အကျွံသုံးခြင်း

ဟင်းခတ်အမွှေးအကြိုင်တွေကို အလွန်အကျွံသုံးတာကလည်း သွားအရောင်ညစ်စေပါတယ်။ သွားကို တစ်နေ့ ၂ ကြိမ် မတိုက်တဲ့သူတွေမှာ ပိုအဖြစ်မြန်ပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင် သုံးစွဲတာကိုလျော့ပြီး သွားကိုလည်း မနက်တစ်ကြိမ် ညတစ်ကြိမ် တိုက်ပေးသင့်ပါတယ်။

source:www.brightside.me