မိန်းကလေးအများစုက နှုတ်ခမ်းနီဆိုးတဲ့အခါမှာ သိပ်ပြီးသတိမထားမိပဲ လုပ်တတ်ကြတဲ့အမှားတွေ ရှိပါတယ်။ ဒါကြောင့် ဒီထဲမှာ ကိုယ်တိုင်လုပ်မိနေတာတွေပါရင်လည်း ဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

Shade ရွေးချယ်မှုမှားယွင်းခြင်း

ကိုယ့်အသားအရောင်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းအရောင် shade ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ နှုတ်ခမ်းနီ shade မှားရွေးမိလို့ အသားပိုညိုသလို၊ မျက်မှာပိုမဲသလို ဖြစ်သွားတာမျိုးတွေလည်း ရှိတာကြောင့် သေချာဂရုစိုက်ရွေးချယ်သင့်ပါတယ်။

အများကြီးဆိုးမိခြင်း

နှုတ်ခမ်းနီကို တစ်ထပ်ထဲမဆိုးပဲ အထပ်ထပ်ကို အထူကြီးဆိုးမိရင် မညီတော့ပဲနဲ့ ကြည့်ရဆိုးစေပါတယ်။ ဆိုးထားတာက ခဏလေးနဲ့လည်း ပျက်စေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ပထမတစ်ထပ် ပါးပါးလေးဆိုးပြီး အပေါ်ကနေ loose powder လေး apply လုပ်ပေးပါ။ ပြီးမှ နောက်တစ်ထပ် နှုတ်ခမ်းနီ ထပ်ဆိုးလိုက်ပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းနီလည်း ကြာရှည်ခံစေပါတယ်။

Expired Date

နှုတ်ခမ်းနီဆိုးရင် တော်တော်များများက expired date ကိုမကြည့်မိပဲ ဆိုးတတ်ကြပါတယ်။ တကယ်လို့ ကိုယ်ဆိုးတဲ့နှုတ်ခမ်းနီက expired date ကျော်နေတာ၊ ကပ်နေတာမျိုးဖြစ်နေရင် ကိုယ့်နှုတ်ခမ်းသား ပျက်စီးစေပါတယ်။ စပ်တာ၊ ယားတာမျိုးတွေ ဖြစ်တတ်တာကြောင့် သေချာဂရုစိုက်ပေးဖို့လိုပါတယ်။

Exfoliating မလုပ်ခြင်း

နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းကို exfoliating လုပ်ပေးတာက အရမ်းကောင်းပါတယ်။ ဆဲလ်စေတွေကွာကျစေပြီး နှုတ်ခမ်းသားမဲညစ်နေတာတွေ သက်သာစေပြီး နှုတ်ခမ်းသားကချောသွားလို့ နှုတ်ခမ်းနီဆိုးရတာ ပိုအဆင်ပြေတယ်၊ ပိုလှစေပါတယ်။ နှုတ်ခမ်းအဖတ်လန်တာမျိုးတွေလည်း မဖြစ်စေပါဘူး။

Matte Lipstick မဆိုးခင် Lip Balm ခံမဆိုးခြင်း

Matte lipstick တွေဆိုးရင် နှုတ်ခမ်းခြောက်ပြီး အဖတ်လိုက်တွေဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် lip balm ခံဆိုးပြီးမှ matte lipstick ထပ်ဆိုးပေးရင် ပိုပြီးအဆင်ပြေသလို ပိုပြီးလည်းလှပါတယ်။ နှုတ်ခမ်းလည်း အစိုဓာတ်ရစေပါတယ်။