အခုက လူတိုင်းလိုလို ဖုန်းကိုင်နေတာဆိုတော့ ဖုန်းအားသွင်းတာနဲ့ပတ်သက်ပြီး သိထားဖို့လိုပါတယ်။ ကိုယ့်ဖုန်းမပျက်စီးအောင်၊ ဘတ်ထရီပိုခံအောင်၊ အန္တရာယ်မရှိအောင် ဖုန်းအားသွင်းတဲ့အခါမှာ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါတွေကိုသိထားတော့ ကိုယ်တိုင်လုပ်မိနေရင်လည်း နောက်မလုပ်မိအောင် ပြင်လို့ရသွားတာပေါ့။

ဖုန်းအားသွင်းပြီးရင် ပလပ်ပေါက်မှာ အားသွင်းကြိုးကို တန်းလန်းထားခဲ့တာမျိုး မလုပ်ပါနဲ့။ အားသွင်းကြိုး ပျက်စီးစေသလို၊ အခန့်မသင့်ရင် ပလပ်ထိပ်လေးက ဓာတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖုန်းဘတ်ထရီကြာရှည်ခံချင်ရင် ဖုန်းအားသွင်းတဲ့အခါမှာ ၁၀၀% ပြည့်အောင်မသွင်းပါနဲ့။ ၉၈% နဲ့ဖြုတ်ပါ။

ဖုန်းဘတ်ထရီမပျက်စီးချင်ရင်၊ ဖုန်းအားခံချင်ရင် battery down တဲ့အထိ မသုံးပါနဲ့။

ဖုန်းဘတ်ထရီက ၂၀% ကျော် ကျန်နေသေးရင် မသွင်းပါနဲ့။ ၂၀% အောက်ရောက်မှသာ သွင်းပါ။

အားသွင်းကြိုးတန်းလန်းနဲ့ သုံးတာမျိုး လုံးဝမလုပ်ပါနဲ့။ ဖုန်းအားသွင်းထားချိန်မှာ ၂၀% အောက်ကနေ ၉၈% ဖြစ်တဲ့အထိ တစ်ခါထဲ သွင်းထားပါ။ ဖြုတ်သုံးတာမျိုး၊ သွင်းထားတုန်းသုံးတာမျိုးက ဘတ်ထရီပျက်စီးစေသလို အန္တရာယ်လည်း များပါတယ်။

တစ်ညလုံး ဖုန်းအားသွင်းထားတာမျိုး မလုပ်ပါနဲ့။ တချို့တွေက ညဉ့်နက်တဲ့အထိ ဖုန်းသုံးပြီး အိပ်မှသာ ဖုန်းအားကို တစ်ညလုံးသွင်းထားတတ်ပါတယ်။ ဒီလိုလုပ်တာက ဘတ်ထရီပျက်စီးစေသလို အန္တရာယ်လည်း များပါတယ်။

ဖုန်းကာဗာတက်ပြီး အားမသွင်းပါနဲ့။ ကိုယ့်ဖုန်းက တအားပူနေတဲ့အချိန်မျိုးမှာ ဖုန်းကာဗာတပ်ပြီး အားသွင်းတာက အန္တရာယ်များပါတယ်။

ဖုန်းအားသွင်းရင် ကွန်ပြူတာကနေ တစ်ဆင့် သွင်းတာမျိုး မလုပ်ပါနဲ့။ များသောအားဖြင့် laptop charging အပေါက်ကနေ သွင်းတတ်ကြပါတယ်။ ဒီလိုလုပ်တာက ဘတ်ထရီပျက်စီးစေပါတယ်။

Source: www. brightside.me