သွားကျန်းမာရေးနဲ့ သွားအလှအပကလည်း လူတစ်ယောက်အတွက် အရေးကြီးပါတယ်။ သွားကျန်းမာမှ ကိုယ်လိုချင်တဲ့ သွားလှလှလေးတွေကိုလည်း ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် သွားပျက်စီးတာမျိုးမဖြစ်အောင် သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီအရာတွေက သင့်သွားကို ပျက်စီးလာအောင်လုပ်မယ့် မကောင်းတဲ့အလေ့အကျင့်တွေ ဖြစ်ပါတယ်။

Flossing မလုပ်ခြင်း

တစ်နေ့ ၂ ကြိမ် သွားတိုက်လည်း သွားအတွင်းကြားထဲက အစာသေးသေးလေးတွေ ကပ်နေတာမျိုးကျတော့ မပြောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် Flossing လုပ်ပေးပါ။ Flossing လုပ်ပေးတာက သွားသန့်ရှင်းစင်စေပါတယ်။

သွားပွတ်တံမလဲခြင်း

သွားပွတ်တံကို ၂ လ တစ်ကြိမ် လဲပေးရမှာပါ။ မလဲပဲနဲ့ အဟောင်းနဲ့ပဲ အကြာကြီးသုံးနေမယ်ဆိုရင်တော့ သွားတိုက်တာပဲရှိတယ်၊ အညစ်အကြေးတွေက ပြောင်မှာမဟုတ်ပါဘူး။ အဲ့တော့ သွားလည်းပျက်စီးစေသလို သွားလည်းဝါညစ်ပြီး လှပတော့မှာ မဟုတ်ပါဘူး။

သွားတိုက်တာကြမ်းတမ်းခြင်း

သွားတိုက်တာ ကြမ်းတမ်းရင် သွားကြွေလွှာလေးတွေ ပျက်စီးပြီးတော့ သွားဖုံးကိုထိုးမိလို့ ရေစီးကမ်းပြိုတာ၊ သွားနာကျင်တာ၊ အခန့်မသင့်ရင် ပဲ့ထွက်တာတွေ ဖြစ်တတ်ပါတယ်။

တစ်နေ့တစ်ကြိမ်ပဲသွားတိုက်ခြင်း

မနက်အိပ်ယာနိုးတဲ့အချိန် တစ်ကြိမ်ပဲ သွားတိုက်ရင် သွားပျက်စီးပြီး ဝါညစ်လာမယ်၊ သွားပိုးစားလာပါမယ်။ တစ်နေကုန်စားထားတဲ့ အစာအကြွင်းအကျန်တွေက သွားမှာကပ်နေတာဖြစ်တဲ့အတွက် ညဘက်မှာတစ်ကြိမ် တိုက်ပေးဖို့ လိုကိုလိုအပ်ပါတယ်။

သကြားစားသုံးမှုများခြင်း

သကြားစားသုံးမှုများရင် အသက်ကြီးလည်း သွားပိုးစားပြီး သွားအပေါက်တွေ ဖြစ်တတ်ပါတယ်။

ရေခဲစားခြင်း

ရေခဲမုန့်စားတာမျိုးက ဘာမှသိပ်မဖြစ်ပေမယ့် ရေခဲဝါးစားတာမျိုးကတော့ သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အေးလွန်းတဲ့အရာက သွားဖုံးနဲ့ သွားကြွေ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

ပုလင်းအဖုံးကိုကိုက်ဖွင့်ခြင်း

ပုလင်းအဖုံးတွေကို သွားနဲ့ကိုက်ဖွင့်တာမျိုးတွေက တစ်ခါတစ်လေတောင် မလုပ်သင့်ပါဘူး။ သွားထိခိုက် ပျက်စီးစေပါတယ်။ အခန့်မသင့်ရင် သွားပဲ့တာမျိုးတောင် ဖြစ်စေပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက သွားနဲ့သွားဖုံးကျန်းမာရေးကို ထိခိုက်စေသလို သွားတွေလည်း ဝါညစ်စေပါတယ်။ သွားအလှအပကိုလည်း ထိခိုက်စေပါတယ်။