အားလုံးပဲ့ မင်္ဂလာပါနော် MyStyle Myanmar အမာခံပရိတ်သတ်တို့ရေ ဒီနေ့မှာတော့ တစ်ကိုယ်တော် Single ဘဝကို စွန့်လွှတ်ပြီး ရည်းစားထားဖို့ ကြံရွယ်နေကြတဲ့သူလေးတွေအတွက် အရွေးမမှားရလေအောင် အချစ်တတ်ဆုံး ရာသီခွင် ၃ခုအကြောင်း ပြောပြပေးချင်ပါတယ်။ Zodiac Signကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီရာသီခွင်အကြောင်းလေးကို အဆုံးထိဖတ်ကြည့်လိုက်ပါနော်။

Taurus ( April 20 ကနေ May 21)

ဒီရာသီဖွားတွေက အရမ်းချစ်တတ်ကြပါတယ်။ သူတို့ကို ဂရုစိုက်တာ လိုချင်သလို သူတို့ချစ်သူတွေကိုလည်း ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ သူတို့အတွေးတွေက တစ်ခါတလေ ရှေးရိုးဆန်ပါတယ်။ သင်က Taurus ရာသီဖွားကို ပိုင်ဆိုင်ထားရင်တော့ သင်က ကံကောင်းတဲ့သူပါပဲ။

Leo (July 23 ကနေ August 23)

Leo ရာသီဖွားတွေက အခြားသူကိုလွှမ်းမိုးနိုင်ပြီး လူတွေရဲ့ သတိပြုတာလည်းခံရပါတယ်။ သင်က Leo ရာသီဖွားနဲ့ ချစ်သူဖြစ်ခဲ့ရင်တော့ သင့်မျက်လုံးရှေ့မှာ သူအတော်ဆုံး၊ အထူးချွန်ဆုံးလို့ မြင်လာအောင် သက်သေပြမယ့်သူတွေပါ။

Libra (September 23 ကနေ October 23)

ဒီရာသီခွင်မွေးဖွားသူတွေက စိတ်ထိခိုက်လွယ်တယ်။ ခံစားချက်များတယ်။ လေးလေးနက်နက်ရှိပါတယ်။ တီထွင်နိုင်စွမ်းလည်းရှိပါတယ်။ သင်က စစ်မှန်တဲ့ချစ်သူကောင်းတစ်ယောက်လိုချင်တယ်ဆိုရင်တော့ Libra ရာသီဖွားတွေကို ရွေးပါလို့ အကြံပြုလိုပါတယ်။