သီအိုရီတွေ၊ ဒဿနတွေ၊ အချစ်တတ်ကျမ်းတွေကို ခဏထားလိုက်ပါဦး။ အရှင်းဆုံးပြောရရင် ကိုယ့်ကိုချစ်တဲ့ယောကျာ်းက ကိုယ်နဲ့နီးစပ်ဖို့ အစွမ်းကုန်ကြိုးစားမှာပါပဲ။ မချစ်တဲ့ယောကျာ်းကတော့ ဘယ်လောက်ပဲ နီးစပ်နိုင်တဲ့နည်းလမ်းရှိရှိ အခက်အခဲတွေကို သူ့ဘာသာရှာပြီး သူ့ဘာသာ ဒရမ်မာတွေတစ်သီတစ်သန်းကြီး ခင်းပြပါလိမ့်မယ်။

သင့်ကိုတကယ်ချစ်တဲ့ ယောကျာ်းတွေဆိုတာကတော့ …

၁။ အပြုံး

Source: Shulterstock

သူ့ဆီက အပြုံးကိုမြင်ရဖို့အတွက် သင်သူ့အနားမှာရှိဖို့ မလိုပါဘူး။ အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ ပွိုင့်မိနေတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ သင့်ဓာတ်ပုံကို ကြည့်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် သူပြုံးနေပြီဆို အဲဒီယောကျာ်း သင့်ကိုတကယ်ချစ်နေပါပြီ။

၂။ ပျော်ရွှင်ရဖို့

Source: Born Realist

သင့်ကိုချစ်တဲ့သူက သင်ပျော်ရွှင်ရဖို့ အမြဲတစေကြိုးစားနေပါလိမ့်မယ်။ သူတို့လည်း အချိန်တိုင်းတော့ ဟာသဉာဏ်ရွှင်မနေနိုင်ပါဘူး။ ဒါပေမဲ့ သင့်အပြုံးကိုမြင်ရဖို့၊ သင်ရယ်နေနိုင်ဖို့ဆိုရင်တော့ အမြဲတမ်းအဆင်သင့် ဖြစ်နေပါလိမ့်မယ်။

၃။ နီးစပ်ချင်တယ်

Source: Elite Daily

ချစ်ပါတယ်ဆိုမှ နီးစပ်ချင်တာပေါ့။ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် သင်အနားနေရဖို့ကြိုးစားပါလိမ့်မယ်။ ရေချိုးထားရင်ပဲဖြစ်ဖြစ်၊ ရေမချိုးထားလို့ အနံ့နံနေရင်ပဲဖြစ်ဖြစ် သင့်ကိုဖက်ရဖို့ဆို ဘယ်အချိန်ဖြစ်ဖြစ်ဖက်မှာပါပဲ။ ချစ်ရသူရဲ့ပွေ့ဖက်ခြင်းကနေရတဲ့ အားအင်တွေက ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။

၄။ ဆံပင်ကိုကစားရင်ကြိုက်တယ်

Source: Travel + Leisure

ယောကျာ်းလေးတွေက သူတို့ခေါင်းကိုကိုင်ရင် သိပ်မကြိုက်ချင်ပါဘူး။ သူတို့ချစ်တဲ့မိန်းကလေးကကိုင်ရင်တော့ ဘယ်အချိန်ဖြစ်ဖြစ် ကြိုက်ကြပါတယ်။ ကားမောင်းနေရင်းနဲ့တောင်မှပေါ့။

၅။ နမ်းပြီးတဲ့အခါ

Source: lovepanky.com

သူနမ်းပြီးလို့ သင်ပြုံးပြတဲ့အခါ အရမ်းအသည်းယားတတ်ကြပါတယ်တဲ့။ သင့်ရှက်ပြုံးလေးကို သူသဘောကျတယ်ပေါ့။ ဒါကလည်း သူတို့ချစ်တဲ့မိန်းကလေးနဲ့မှပါ။

၆။ အယုအယတွေ

Source: Balegaindia.net

ပြောရင်းနဲ့ တော်တော်လေးတောင်မှ ရိုနေပါပြီနော်။ ယောကျာ်းလေးတွေက သူတို့ချစ်ပြီဆို ပြန်ပြီးမှအယုအယခံချင်ကြပါတယ်။ သူတို့သဘောမကျတဲ့သူက လာယုယနေမယ်ဆိုရင်တော့ တော်တော်အမြင်ကပ်တတ်ကြပါတယ်။

၇။ အကြံပေးစကားတွေ

Source: Reader’s Digest

ယုံကြည်ရတဲ့သူရဲ့ အကြံပေးစကားကိုပဲ နားထောင်မှာပေါ့။ ချစ်တဲ့သူက ဒါလုပ်လိုက်လို့ပြောရင် “ဟုတ်” တစ်ခွန်းတည်းဖြစ်နေတတ်ပြီး မချစ်တဲ့သူရဲ့စကားကိုဆိုရင်တော့ စိတ်ကူးထဲတောင်ယောင်လို့ မထည့်တတ်ကြတာ ယောကျာ်းလေးတွေပါ။