စုံတွဲတွေတော်တော်များများက တွဲတာနှစ်တွေကြာလာပြီဆိုရင် ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာလေးတစ်ချို့က အကုန်တူတူပါပဲ။

ငြီးငွေ့လာတာ

တွဲတာကြာလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မချစ်ဘူးလားဆိုတော့လည်း ချစ်တယ်။ ကြာလာတော့ ငြီးငွေ့သလိုစိတ်မျိုးလေး ဝင်လာတတ်တာ သဘာဝပါပဲ။ အဓိကကတော့ ဒီလိုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်စကားများတာမျိုး မလုပ်မိအောင်ဆင်ခြင်ပြီး စတွဲတုန်းကလို ပြန်နေကြည့်ဖို့ လိုပါတယ်။

စိတ်သဘောထားချင်းမတိုက်ဆိုင်တာ

စစချင်းမှာတော့ တစ်ယောက်အကြိုက် တစ်ယောက်လိုက်နေပေးခဲ့ပေမယ့် တွဲတာကြာလာတဲ့အခါမှာတော့ အဲ့လိုမနေနိုင်တော့တာ၊ တစ်ခုခုဆို စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တာတွေက များလာပါလိမ့်မယ်။ စိတ်ရှည်သည်းခံမှုတွေလည်း လျော့နည်းလာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နှစ်ယောက်လုံး ပြန်လည်ပြင်ဆင်ပြီး ညှိုယူသင့်ပါတယ်။

အထီးကျန်လာတာ

တွဲတာကြာလာတဲ့စုံတွဲတိုင်းမှာ ဖြစ်လေ့ရှိတာကတော့ အထီးကျန်လာတာပါပဲ။ စတွဲတုန်းကလို တစ်ချိန်လုံး တီတီတာတာနဲ့ စကားတွေ မပြောဖြစ်ကြတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် အရမ်းတွေ တစ်ခုချင်းစီလိုက်ပြီး မပြောဖြစ်ကြတော့ဘူး။ ဒီလိုမျိုးတွေကြောင့်ပဲ အထီးကျန်သလို ခံစားရတာပါပဲ။

ဂရုစိုက်မှုလျော့နည်းလာတာ

မိန်းကလေးတွေကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ချစ်သူဆီက ဂရုစိုက်မှုကို လိုချင်ကြတာပါပဲ။ ဒါပေမယ့် ယောင်္ကျားလေးတော်တော်များများကလည်း တွဲတာကြာလာရင် စတွဲတုန်းကလောက် ဂရုမစိုက်ဖြစ်ကြတော့ဘူး။ အဲ့တာကြောင့်ပဲ မိန်းကလေးဘက်က ရစ်တာ၊ တစ်ခုခုဆို စိတ်ကောက်တာ၊ စိတ်ဆိုးတာတွေဖြစ်ပြီး ရန်ဖြစ်စကားများကြ၊ အဆင်မပြေဖြစ်ကြတာ များပါတယ်။

ဒါကြောင့် တွဲတာဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် မပြောင်းလဲပဲ အတတ်နိုင်ဆုံး နေပေးရင် ရန်ဖြစ်စကားများရတာတွေ၊ ပြဿနာတွေလည်း လျော့နည်းသွားမှာပါ။ အဆင်ပြေပြီး ပျော်စရာကောင်းတဲ့ Relationship တစ်ခုလည်း ကြာကြာတည်မြဲနိုင်မှာပါ။

photo source: www.pinterest.com