ဒီနေ့မှာတော့ MyStyle Myanmarရဲ့ အချစ်ငှက်ကလေးတွေအတွက် အချစ်နဲ့ မကြုံဖူးတဲ့လူသားရယ်လို့ မရှိတဲ့အတွက် အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်ချစ်တဲ့ချစ်သူနဲ့ သက်ဆုံးတိုင် လက်တွဲနိုင်မယ့် အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ချစ်သူစထားပြီဆိုရင် အစပိုင်းမှာတော့ ရန်ခုန်စရာ စိတ်ကြည်နူးစရာကြီးတွေပါပဲ့။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ရင်ထဲမှာ အချစ်လိပ်ပြာလေးတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်ပြီး အေးစက်ငြီးငွေ့လာတတ်ပါတယ်။

ဒါ့ကြောင့် အမြဲတမ်းပျော်ရွှင်ကြည်နူးနေရတဲ့ ချစ်သူစုံတွဲအဖြစ် ထာဝရလက်တွဲသွားနိုင်ဖို့ ချစ်သူနှစ်ဦးစလုံး မဖြစ်မနေ သိရှိလုပ်ဆောင်ပေးသင့်တဲ့ အရာတချို့ကို ပြောပြပေးလိုက်ပါတယ်နော်။

အပြန်အလှန်လေးစားမှုရှိပါ။

ချစ်သူနှစ်ဦး အပြန်အလှန်လေးစားမှုမရှိရင်တော့ သင့်Relationship က ကြာရှည်ခံဖို့ဆိုတာ မသေချာပါဘူး။ ချစ်သူရဲ့ခံစားချက် ခံယူချက်တွေကို အမြဲတမ်းအလေးထားပေးပါ။ သူရဲ့ခံစားချက်ကိုလည်း လေးစားမှုရှိဖို့ လိုအပ်ပါတယ်။

သင့်စကားလုံးတွေကို ဂရုစိုက်ပါ။

ချစ်သူနှစ်ဦး ရန်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ် သင့်စကားလုံး ရွေးချယ်မှုကို အထူးသတိထားပါ။ တောင်းပန်ရင်တောင် sorry တစ်ခွန်းတည်းမပြောဘဲ သူ့ကို သေသေချာချာ ကိုယ်မှားသွားတဲ့အကြောင်း တောင်းပန်လိုက်ပါ။

ချစ်သူရဲ့လိုအင်ဆန္ဒတွေ လိုအပ်ချက်တွေကို အမြဲဂရုစိုက်ပါ။

ချစ်သူနှစ်ဦးဆက်ဆံရေး ထာဝရအဆင်ပြေနေဖို့ဆိုရင် သူ့ရဲ့လိုအင်ဆန္ဒတွေ၊ သူကြိုက်နှစ်သက်တဲ့အရာတွေကို သေချာသိထားဖို့လည်း အရေးကြီးပါတယ်။ သူဘာလိုချင်သလဲ၊ သူဘာဖြစ်ချင်သလဲဆိုတာကို အမြဲဂရုတစိုက်လေ့လာပါ။

အမှတ်တရတွေကို အတူတူဖန်တီးကြမယ်။

ခရီးတွေ အတူတူသွားမယ်။ စားသောက်ဆိုင်အသစ်တွေပေါ်လာတဲ့အခါ အတူတူသွားစားကြတာမျိုး၊ မနက်စောစော တောင်အတူတူတက်ကြတာမျိုး စတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်ရစရာလေးတွေကို အတူတူ ဖန်တီးပေးပါ။

လုပ်ရိုးလုပ်စဉ်တွေကိုပဲ့ အမြဲမလုပ်မိပါစေနဲ့။

ချစ်သူနှစ်ဦးဆက်ဆံရေး ရေရှည်ခိုင်မြဲဖို့နဲ့ အမြဲတမ်းပျော်ရွှင်နေဖို့ လုပ်ရိုးလုပ်စဉ်တွေပဲ့ လုပ်နေလို့မရပါဘူးနော်။ ချစ်သူနဲ့ အမြဲတမ်း ရုပ်ရှင်ကြည့်တယ်။ ပီဇာစားလေ့ရှိတယ်။ စကြိုက်လာကတည်းက တစ်နှစ်ကြာလည်းဒါ နှစ်နှစ်ကြာလည်းဒါဆိုတာမျိုး မလုပ်မိပါစေနဲ့။ အပြောင်းအလဲဖြစ်သွားအောင် ကြိုးစားပါ။ တစ်ခါတလေ surprise တိုက်တာမျိုးလေးတွေ လုပ်ပေးတာက သင်တို့ရဲ့အချစ်ရေးကို ရင်ခုန်စိတ်လှုပ်ရှားမှုလေးတွေ ခံစားရရှိစေပါတယ်။

ချစ်သူကို မြတ်နိုးတန်ဖိုးကြောင်း ပြသပါ။

ချစ်သူကို ဘယ်လောက်မြတ်နိုးကြောင်း သူဟာ ကိုယ့်ဘဝအတွက် ဘယ်လောက်ထိအရေးပါသလဲဆိုတာကို သူသိအောင် ပြသပါ။ ပြီးရင် ကိုယ့်ကို ချစ်သူအဖြစ် ရွေးချယ်ပေးခဲ့လို့လည်း အရမ်းကျေးဇူးတင်တဲ့အကြောင်းကိုလည်း ပြောပေးပါ။

သူ့ကိုအရမ်းချစ်ကြောင်းကို ဖော်ပြတတ်ပါစေ။

သူ့ကိုချစ်နေရုံနဲ့ ပြီးပြီလို့မထင်လိုက်ပါနဲ့။ အချစ်ဆိုတာ သိပ်ကိုခက်ခဲနက်နဲပြီး ထိရှလွယ်တဲ့အရာတစ်ခုပါ။ အချစ်ရဲ့ရသတွေ ပိုပြီးပေါ်လွင်စေဖို့ ရင်ခုန်စရာကောင်းတဲ့ Romance လေးတွေကိုလည်း ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှလည်း သင်တို့နှစ်ယောက်ကြားမှာ အေးစက်သွားခြင်းမရှိပဲ့နဲ့ အချစ်တွေက အမြဲလတ်ဆတ်နေမှာပါနော်။ သူဟာ ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါကြောင်း၊ ဘယ်လောက်ထိ အဓိပ္ပာယ်ရှိကြောင်း ပြသပါ။ ချစ်သူကို ချစ်ကြောင်း ဖော်ပြဖို့ မမေ့ပါနဲ့။