အဆီပြန်တယ်ဆိုတာက အသားအရေနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ အဆီပြန်နေတဲ့သူတစ်ယောက်အနေနဲ့ ရှောင်ရှားရမှာတွေကို ဂရုမစိုက်ပဲနေနေမယ်ဆိုရင် ပိုပြီးတော့အသားအရေကို ပျက်စီးလာစေနိုင်ပါတယ်။

သင်ကအဆီပြန်တတ်တဲ့သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် သင်ပြုလုပ်မိနေတဲ့အရာတွေက မှားယွင်းနေတာမျိုးတွေလည်း ရှိကောင်းရှိနိုင်တာကြောင့် ပြန်ပြီးပြင်ဆင်လို့ရစေမယ့်နည်းလမ်းအမှန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခဏခဏမျက်နှာသစ်တာ

တကယ်တော့ အဆီပြန်တဲ့အသားအရေကို ပိုင်ဆိုင်ထားတဲ့သူတွေက မျက်နှာမှာရှိနေတဲ့အဆီတွေကို ကင်းစင်ချင်တာနဲ့ မျက်နှာကို ခဏခဏ သစ်ပေးတတ်ကြပါတယ်။ ဒီအချက်ကမှားယွင်းနေတဲ့အချက်ဆိုတာ သေချာပေါက်ပြောလို့ရပါတယ်။

မျက်နှာမှာအဆီပြန်နေလို့ဆိုပြီး ခဏခဏမျက်နှာသစ်ပေးတာက မျက်နှာပေါ်မှာရှိနေတဲ့ အဆီတွေကိုမဖယ်ရှားပေးနိုင်ပဲ ပိုပြီးတော့ အဆီပြန်လာ စေနိုင်ပါတယ်။ မျက်နှာကို တစ်နေ့နှစ်ကြိမ်သစ်ပေးတာက မှန်ကန်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ်ကိုမလိမ်းတော့တာ

အဆီပြန်တဲ့အသားအရေကို ပိုင်ဆိုင်ထားရတယ်ဆိုပြီး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းစရာမလိုဘူးလို့မထင်လိုက်ပါနဲ့။ အဆီပြန်တယ်ဆိုတာက သင်အသားအရေမှာ ချွေးပေါက်တွေကျယ်နေလို့ ဖြစ်တာကြောင့် အစိုဓာတ်ထိန်းခရင်မ်နဲ့တော့ မဆိုင်ပါဘူး။

အစိုဓာတ်ထိန်းခရင်မ် လိမ်းတယ်ဆိုတာက အသားအရေမှာလိုအပ်နေတဲ့ ရေဓာတ်ကိုဖြည့်တင်းပေးနိုင်ဖို့အတွက်ဆိုတော့ အဆီပြန်တဲ့သူတွေနဲ့ သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်မ်မျိုးကို ရွေးချယ်ပြီးတော့ဝယ်သင့်ပါတယ်နော်။

မိတ်ကပ်ပစ္စည်းတွေအမျိုးမျိုးပြောင်းတာ

ပျက်ပြားစေပြီး အဆီပြန်တာတွေကို ပိုပြီးတော့ဖြစ်လာစေနိုင်ပါတယ်နော်။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့မိတ်ကပ်ပစ္စည်းကိုပဲ စွဲပြီးသုံးပေးဖို့ သင့်တော်ပါတယ်။

မိတ်ကပ်တွေအများကြီးသုံးတာ

အဆီပြန်တဲ့အသားအရေမို့လို့ဆိုပြီး မိတ်ကပ်တွေကိုအများကြီးသုံးပေးတာမျိုးက မှားယွင်းနေတဲ့အရာပါပဲ။ မိတ်ကပ်တွေကို အများကြီး လိမ်းထားပေးတာမျိုးက နေ့ခင်းဘက်အဆီပြန်လာတဲ့အခါမှာ အဆီတွေနဲ့မိတ်ကပ်တွေနဲ့ရောပြီး မျက်နှာအသားအရေကို ပိုပြီးတော့ ကြည့်ရဆိုး စေတာပေါ့။ ပုံမှန်တိုင်းပဲ မျက်နှာကိုမိတ်ကပ်ပါးပါးလေးလိမ်းပေးတာမျိုးက ပိုပြီးတော့အဆင်ပြေစေမှာပါ။

နေ့ခင်းဘက်အဆီတွေပြန်လာပြီဆိုရင်လည်း အဆီစုပ်စက္ကူလေးအသုံးပြုပေးမယ်ဆိုရင် အဆီတွေကိုသက်သာစေမှာပဲဖြစ်ပါတယ်။ အဆီပြန်တဲ့သူတွေရဲ့အခက်အခဲကတော့ မျက်နှာမှာအဆီတွေပြန်လွန်းတာကြောင့် အလှအပကိုလည်းထိခိုက်စေပြီး ဝက်ခြံတွေကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် အဆီပြန်တာတွေကို သက်သာစေမယ့်နည်းလမ်းတွေကို သေချာလိုက်နာပြီး ဆင်ခြင်လိုက်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါနော်..