ဖက်ရှင်ကျဖို့ဆိုတာက လွယ်မယောင်နဲ့ခက်ခဲပါတယ်။ ဖက်ရှင်ကျဖို့ဆိုတာက လိုက်ဖက်တဲ့ဝတ်စားဆင်ယင်တတ်ဖို့လည်း လိုတာပေါ့။ ခေတ်နောက်ကျပြီးကျန်နေခဲ့တဲ့ လူကြိုက်မများတဲ့ ဖက်ရှင်တွေကိုတောင် ဖက်ရှင်ကျကျဝတ်ဆင်တတ်ရင် ပိုကောင်းတာပေါ့။ ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဒါတွေကိုတော့ သင်ပိုင်ဆိုင်ထားဖို့လိုမယ်နော်။

ထိပ်ပွင့်ဒေါက်ဖိနပ်

ဒေါက်ဖိနပ်တွေက ဖက်ရှင်ကျတယ်ဆိုတာမှန်ပေမယ့် သင့်မှာ ထိပ်ပွင့်ဒေါက်ဖိနပ်တစ်ရံတော့ရှိထားသင့်ပါတယ်။ စကပ်တိုတွေ၊ ဘောင်းဘီတိုတွေနဲ့ဝိတ်တဲ့အခါမှာ ထိပ်ပွင့်ဒေါက်ဖိနပ်နဲ့ဆိုတော့ သင့်ခြေချောင်းလေးတွေပေါ်လွင်ပြီး ခြေသည်းနီအရောင်လေးတွေနဲ့ဆိုရင် ပိုလှသွားတာပေါ့။

Crop Top

Crop Top တွေကလည်း သင့်ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့အပြင် ခါးမြင့်ဘောင်းဘီလေးတွေနဲ့ ဝတ်တဲ့အခါမှာ ခါးအသားလေးအနည်းငယ်ပေါ်လွင်နေတာကိုက ဆွဲဆောင်မှုတစ်မျိုးပါနော်။

အနည်းငယ်ဖော်ထားတဲ့ဖက်ရှင်မျိုး

ဖက်ရှင်တွေထဲမှာဆိုရင် ခါးနားလေးကိုဖော်ထားတာတို့၊ ကျောပြင်မှာပြောင်ဖြစ်နေတာမျိုးတို့က ဝတ်လိုက်မယ်ဆိုရင်တောင် အရမ်းအမြင်မရိုင်းပဲ ဆွဲဆောင်မှုရှိရှိနဲ့ လှပနေမှာပဲဖြစ်ပါတယ်။

ခါးပတ်

ဖက်ရှင်ကျကျဖြစ်စေဖို့အတွက် ခါးပတ်ကလည်းမဖြစ်မနေဆောင်ထားဖို့လိုမယ်နော်။ တကယ်တော့ သင့်အဝတ်အစားတွေက သင့်ခန္ဓာကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်မနေဘူးဆိုရင် ခါးပတ်လေးနဲ့ပတ်ပြီးဝတ်မယ်ဆိုရင် ဖက်ရှင်လည်းကျပြီးလှပနေမှာပေါ့။

ရင်သားပင့်တင် Bra

သင့်ရင်သားအရွယ်အစားကို သဘောကျမှုမရှိနေဘူးဆိုရင် ရင်သားပင့်တင် Bra လေးတော့ဆောင်ထားဖို့လိုပါမယ်။ ဒါမှာ လည်ဟိုက်အဝတ်အစားတွေဝတ်တဲ့အခါမှာ လှလှပပလေးနဲ့ ဆွဲဆောင်မှုရှိနေစေမှာပါ။

ဒါတွေကို သင့်အဝတ်ဗီရိုထဲမှာ ဆောင်ထားမယ်ဆိုရင် ဖက်ရှင်ကျကျနဲ့လှပစေမယ့်အပြင် သပ်ရပ်တဲ့ပုံစံမျိုးနဲ့ ဆွဲဆောင်မှုရှိစေမှာပဲဖြစ်ပါတယ်။

Photo Source : Pinterest