အိပ်ရာဝင်ခါနီး အိပ်တာကို ထိခိုက်စေတဲ့အလုပ်တွေ မလုပ်ပေမယ့် ညဘက်တွေမှာ ပင်ပန်းနွမ်းနယ်နေပြီး ကောင်းကောင်း အိပ်မပျော်ဘူးဖြစ်နေလား ? ဒါဆိုရင် အခုပြောပြမယ့်အချက်တွေကို မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းတွေမှာ လုပ်ကြည့်ပါ။ ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

အိပ်ခါနီး လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်တာက ကျန်းမာရေးအတွက်သာမက အိပ်ပျော်ဖို့အတွက်လည်း အများကြီးအရေးကြီးပါတယ် ။ ဒါကြောင့် ညဘက်အိပ်ရာမဝင်ခင် အနည်းဆုံး မိနစ် 90 လောက် တစ်နေ့တာအတွက် ဘာလေ့ကျင့်ခန်းဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ခါနီး လေ့ကျင့်ခန်းလုပ်တာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

နေရောင်ခြည်နဲ့ထိတွေ့ပါ

မနက်ပိုင်းမှာ စောစောထပြီး နေရောင်နဲ့ထိတွေ့တာက မနက်ခင်းရဲ့ နိုးကြားမှုကို မြှင့်တင်ပေးနိုင်သလို ညအိပ်ပျော်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ တကယ်လို့ မနက်ခင်းအလင်းရောင် မရနိုင်ဘူးဆိုရင်တော့ နေ့ခင်းဘက် တခြားနေရာတွေမှာ မိနစ် 30 လောက် အပြင်ထွက်တာက ညဘက် အိပ်ရေးဝအောင် ကူညီပေးနိုင်ပါတယ်။

ညဘက်မှာ ကဖိန်းဓာတ်ကိုရှောင်ပါ

သင်က ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲနေတဲ့သူဆိုရင်တော့ ညနေဘက် ညဘက်တွေမှာ ကဖိန်းဓာတ်ကိုရှောင်ဖို့ အကြံပေးချင်ပါတယ် ။ ဒါမှ ကဖိန်းဓာတ်က ညဘက်အိပ်ချိန်တွေအပေါ်ကို အနှောင့်အယှက်မဖြစ်စေမှာပါ။

နေ့ခင်းတစ်ရေးတစ်မော အိပ်ပါ

ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို နိုးကြားနေစေဖို့ နေ့ခင်းဘက်မှာ အိပ်တာက ကျန်းမာရေးအတွက်ကောင်းပေမယ့် အရမ်းနောက်ကျတဲ့အထိတော့ မအိပ်ပါနဲ့။ ဘာလို့လဲဆိုတော့ အကြာကြီးအိပ်မိရင် ညဘက်မှာ ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ညဘက်အိပ်ချိန်ကို ထိခိုက်နိုင်ပါတယ်။

စိတ်ဖိစီးမှုတွေကိုလျှော့ချပါ

အများစုကတော့ စိတ်ဖိစီးမှုများတဲ့အခါ ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲတက်ကြပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့အတွက်ဆို စိတ်ဖိစီးမှုတွေကို လျှော့ချဖို့အရေးကြီးပါတယ်။

အာဟာရပြည့်ဝအောင်စားပါ

ချောကလက်၊ ကော်ဖီနဲ့ လက်ဖက်ရည်အချို့တို့လို ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ ၊ ရင်ပူတာနဲ့ အစာမကြေခြင်းတို့ကို ဖြစ်စေနိုင်တဲ့ စပ်တဲ့အစားအစားတွေကို စားတာထက် ချယ်ရီသီး၊ နို့၊ ကီဝီနဲ့ ဗာဒံစေ့တို့လို အိပ်စက်ခြင်းကို အထောက်အကူပြုပေးနိုင်တဲ့ အစားအစာများကို စားပေးပါ။

အရက်လျှော့သောက်ပါ

အနီရောင်ဝိုင်တစ်ခွက်က ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးနိုင်ပေမယ့် အရက်သောက်ကတော့ အိပ်မပျော်ခြင်းရဲ့လက္ခဏာတွေနဲ့ ဆက်စပ်နေပြီး အရက်သောက်ရုံနဲ့တင် အိပ်မပျော်ဘဲ အသက်ရှူကျပ်တာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။