ပေါင်မှာ အဆီများနေရင် ပေါင်တုတ်ပါတယ်။ Body က မဝပေမယ့် ပေါင်လုံးတုတ်နေတယ်ဆိုတာက အဆီက ပေါင်မှာစုနေလို့ပါ။ ဒါကို သီးသန့်အဆီချဖို့ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်မှပဲ ရမှာပါ။ ဒါကြောင့် ပေါင်မှာ အဆီများနေတဲ့သူတွေအတွက် လွယ်ကူတဲ့လေ့ကျင့်ခန်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Squats

Squats ထိုင်ပေးတာက ပေါင်အဆီကျစေဖို့ ကူညီပေးပါတယ်။ တင်လှပြီး ပေါင်အဆီကျစေပါတယ်။ ပုံမှာပြထားသလို လုပ်ပေးရပါမယ်။ အနည်းဆုံး အကြိမ် ၃၀ လုပ်ပေးပါ။

Lunges

ပုံမှာလုပ်ပြထားသလို အနေအထားနဲ့ ၃ စက္ကန့်နေပြီးရင် မတ်တပ်ရပ်ပြီး ခြေထောက်ကို အဲ့အတိုင်း ဘယ်ညာပြောင်းကာ ထပ်လုပ်ပေးပါ။ အနည်းဆုံး တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးပါ။

Burpees

ပုံမှာလုပ်ပြထားတဲ့ အနေအထား ၄ မျိုးအတိုင်း တစ်ဆင့်ချင်း လုပ်သွားရုံပါပဲ။ လုပ်ရင်းနဲ့ မြန်သွားပါလိမ့်မယ်။ ၄ မျိုးလုံးပြီးမှ ၁ ကြိမ်လို့ သတ်မှတ်ပါတယ်။ ဒီတော့ အနည်းဆုံး ၂၅ ကြိမ် လုပ်ပေးပါ။

Fly Jumping Jacks

လက်နှစ်ဖက်ကိုဆုပ်ပြီး ပုံထဲကအတိုင်း ရင်ဘတ်အရှေ့နားမှာထားကာ ခုန်ပေးရမှာပါ။ ခုန်တဲ့အခါမှာ ခြေထောက်နှစ်ဖက်ကို နည်းနည်းကားထားပြီး လုံးဝမကွေးရပါဘူး။ အကြိမ် ၃၀ ခုန်ပေးပါ။

Leg Lift

ခြေထောက်နှစ်ချောင်းကို နံရံမှာကပ်ပြီး မြှောက်ထားရမှာပါ။ ၅ မိနစ်ပြည့်အောင်မြှောက်ပေးပါ။ ပြီးရင် ၁ မိနစ်နားပြီး ထပ်မြှောက်ပါ။ အနည်းဆုံး ၅ မိနစ် ၂ ကြိမ်လုပ်ပေးပါ။ ၃ ကြိမ်လုပ်ပေးလည်း ရပါတယ်။

Butterfly Stretch

ဒါကတော့ အလွယ်ဆုံး ဖြစ်မှာပါ။ ပုံမှာလုပ်ပြထားသလို Butterfly ပုံစံလေး ခြေဖဝါးနှစ်ဖက်ကိုထိပြီး ထိုင်ရမှာပါ။ ခါးကိုမတ်ထားပါ။ အဲ့အတိုင်း ၅ မိနစ်လောက်ထိုင်ပေးပါ။

Plank

Plank ထောက်တာက ဗိုက်အဆီကျစေသလို ပေါင်အဆီလည်း ကျစေပါတယ်။ ကိုယ်ထောက်နိုင်သလောက်သာ ထောက်ပေးပါ။ Plank ထောက်တာက ကြာကြာထောက်နိုင်ရင် ကိုယ့်အတွက် အကျိုးရှိလေပါပဲ။