ကဗျာဆန်လှတဲ့ ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ နေ့စဉ် မရိုးနိုင်တဲ့ ချစ်ခြင်းတွေ ပါဝင်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အတားအဆီဖြစ်စေပြီး နောက်ဆုံး တစ်ယောက်ကိုယ်တစ်ယောက် လမ်းခွဲရဖို့ထိ ဖြစ်လာစေတဲ့ အပြုအမူတချို့ကို မျှဝေပေးပါမယ်။

၁။ သင့်အခက်အခဲတွေကို ပြောခွင့်မရဘူး

တခါတလေ သင့်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သင်ရဲ့ ချစ်သူကို ရင်ဖွင့်ချင်တာ သဘာဝပါပဲ။ တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ၊ အတွေ့အကြုံတွေကိုလည်း မျှဝေချင်ကြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သင့်စကားတွေကို နားထောင်မပေးဘူး။ ဘာမှ အထာက်အပံ့တွေမပေးဘူးဆိုရင် သင်ဟာ သူ့အတွက် ဦးစားပေးတစ်ယောက်မဟုတ်ပါဘူး။

၂။ သင့်ကို မယုံကြည်ဘူး

သင့်ဖုန်းမှာ မက်စေ့တစ်စောင်ရောက်နေတဲ့အခါ သင်မသိခင် သင့်ကို အသိမပေးဘဲ ဖုန်းကို စစ်တာမျိုး။ သံသယနဲ့ အမြဲတစေ ချုပ်ချယ်မေးတာမျိုးဟာလည်း သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သာယာစိုပြေစေမှာမဟုတ်ပါဘူး။

၃။ အမြဲတမ်း နောက်ကျတတ်တယ်

သင်တို့နှစ်ယောက် တွေ့ဖို့ ချိန်းထားတဲ့အချိန်တိုင်း အမြဲလိုလို နောက်ကျတတ်တယ်ဆိုရင် သင်တို့နှစ်ယောက် ဆက်ဆံရေးအတွက် မကောင်းနိုင်ပါဘူး။ နောက်ကျတယ်။ ကိုယ်ကစောင့်နေပေမယ့် နောက်ဆုံး ရောက်မလာတာမျိုး ဖြစ်ရင် ပိုလို့တောင် စိတ်ထိခိုက်နိုင်ပါတယ်။

၄။ သင့်ကို မကြင်နာဘူး

ချစ်သူနှစ်ဦးဆိုတာ တယောက်ကိုယ်တယောက် ဖက်တာ၊ နမ်းတာ၊ လက်ချင်းကိုင်တာ စသဖြင့် ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တွေကို အတူတူ မျှဝေကြပါတယ်။ သင့်ချစ်သူက သင့်နဲ့ အနည်းကပ်နေရတာ အဆင်မပြေဘူး။ အမြဲလိုလို ရှောင်တိမ်းနေတတ်ရင် သင်တို့နှစ်ယောက် ဆက်ဆံရေးကို ပြန်ပြီး သုံးသပ်ကြည့်ပါ။

၅။ သင့်ကို ဂရုမစိုက်ဘူး

အချစ်ဆိုတဲ့ ဆက်ဆံရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် ဂရုစိုက်ဖို့ဆိုတာ အရေးကြီးပါတယ်။ သင့်ချစ်သူက သင့်အပေါ် ဂရုစိုက်ဖို့အမြဲတမ်း ပျက်ကွက်တယ်ဆိုရင် သင်တို့နှစ်ယောက် ရှေ့ရေးအတွက် အလားအလာမကောင်းနိုင်ပါဘူး။

၆။ နှစ်ယောက်အတူတူ အချိန်မကုန်ဆုံးချင်ဘူး

ချစ်သူနှစ်ဦးကို လမ်းခွဲရတဲ့ထိ ဖြစ်စေတဲ့ သေးသေးမွှားမွှား အပြုအမူများ

ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် အတူတူတွေ့ပြီး ဝါသနာတူရာတွေကို အတူတူ လုပ်ဆောင်ကြတာ သဘာဝပါပဲ။ သူ့မိတ်ဆွေ ကိုယ့်မိတ်ဆွေတွေ မိတ်ဖွဲ့ရင်းလည်း တစ်ဦးကိုယ် တစ်ဦး ပိုပြီး ရင်းနှီးသွားကြပါတယ်။ သင့်ချစ်သူက သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမှာပဲဖြစ်ဖြစ်၊ သင်နဲ့ နှစ်ယောက်တည်းပဲဖြစ်ဖြစ် အတူတူ လုပ်ဆောင်ဖို့ စိတ်မပါဘူးဆိုရင် သင့်အနေနဲ့ အဲဒီအချက်ကို ဥပေက္ခာမပြုသင့်ပါဘူး။

ဘယ်လိုလုပ်မလဲ

ဒီလိုပြဿနာတွေ စပြီးရင် ဆိုင်လာရရင်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးမယ်နော်။ တစ်ယောက်ကိုယ်တစ်ယောက် သေသေ ချာချာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ။ မဖြစ်နိုင်ရင် သင်တို့နှစ်ယောက် အခြေအနေကို သင်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ ရင်ဖွင့်ပါ။ အခုလို အပျက်ဖက်ကလုပ်နေတာ သင်ကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံပါ။ သင်လုပ်သင့်တဲ့အရာတွေကို ပိုပြီး ဂရုစိုက်ပါ။