ဘယ်သူရှိမှ ပျော်နိုင်မယ်ဆိုတာက ကိုယ့်စိတ်ပါပဲ။ ကိုယ့်ပျော်ရွှင်မှုက ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်။ ဘဝမှာ ဘယ်သူမှမရှိလည်း ကိုယ်တစ်ယောက်ထဲ ပျော်အောင်နေတတ်ရင် စိတ်ချမ်းသာစရာပါပဲ။ ဒါကြောင့် တစ်ယောက်ထဲလည်း ပျော်အောင်နေတတ်သွားစေဖို့ ကူညီပေးမယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်လုပ်ချင်တာလုပ်ပြီးနေပါ

အကောင်းဆုံးကတော့ ကိုယ်လုပ်ချင်တာလုပ်ပြီးနေပါ။ ကိုယ်လုပ်ချင်တာ လုပ်နေရရင် ပျော်ရတာပါပဲ။ ဒီလိုလုပ်လိုက်ရင် သူများတွေ ငါ့ကိုဘယ်လိုထင်သွားမလဲဆိုပြီး လိုက်မစဉ်းစားပါနဲ့။ ကိုယ့်စိတ်ပျော်မယ်ထင်ရင်၊ စိတ်ချမ်းသာသလိုသာလုပ်ပြီးနေပါ။

စိတ်ညစ်စရာတွေမတွေးပါနဲ့

စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ခေါင်းထဲထည့်ပြီး တွေးနေရင် ဘယ်တော့မှ အပြည့်အဝပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အတွေးမများပါနဲ့ overthinking မဖြစ်ပါနဲ့။ အမြဲတမ်းပျော်အောင်နေပြီး ပျော်စရာတွေကိုပဲတွေးနေပါ။ စိတ်ညစ်စရာတွေ ရှိလာရင်တောင် ကောင်းတဲ့ဘက်ကို ပြောင်းတွေးပြီး ပျော်စရာလေးတွေ ဖန်တီးကြည့်ပါ။ အမြဲတမ်း ပျော်ပျော်နေတတ်တဲ့သူက တစ်ယောက်ထဲနေရလည်း အားငယ်စိတ်တွေ၊ ဝမ်းနည်းတာတွေ မဖြစ်တော့ပါဘူး။

သူများကိုပဲအားမကိုးပါနဲ့

သူများကိုအားကိုးတာများလာရင် သတ္တိမရှိတော့ပါဘူး။ ကိုယ်တစ်ယောက်ထဲ ဘာမှမလုပ်တတ်တော့ဘူး၊ အဖော်ပါမှ၊ သူရှိမှ၊ သူနဲ့မှဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ယောက်ထဲလည်း ပျော်အောင်နေတတ်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုအားကိုးပါ။ ဘာကိုပဲလုပ်လုပ် ကိုယ်တစ်ယောက်ထဲပဲလုပ်ပါ။

တစ်ယောက်ထဲသွားလာရဲအောင်လုပ်ပါ

တချို့က ဘယ်သွားသွား အဖော်ပါမှ သွားရဲလာရဲကြပါတယ်။ ဒီလိုအဖော်နဲ့မှ သွားလာရဲရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ တစ်ဖြေးဖြေး ပျောက်ဆုံးလာပါလိမ့်မယ်။ ဒါကြောင့် တစ်နေရာရာသွားဖို့အတွက် အဖော်လိုက်စပ်မနေပါနဲ့။ ကိုယ့်ကိစ္စတွေ ကိုယ်တိုင်လုပ်ပြီး တစ်ယောက်ထဲသွာပါ။ လုပ်စရာရှိတာလုပ်ပါ။

အပေါင်းအသင်းမမက်ပါနဲ့

အပေါင်းအသင်းမက်လွန်းရင် တစ်ယောက်ထဲ မနေတတ်တော့ပါဘူး။ တစ်ယောက်ထဲဖြစ်သွားရင် အားငယ်စိတ်၊ အထီးကျန်စိတ်တွေ ဝင်လာပါတယ်။ ဒါကြောင့် အပေါင်းအသင်း အရမ်းမမက်ပါနဲ့။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေဆိုရင် စိတ်ရင်းနဲ့ပြန်ခင်ပါ။ ဒါပေမယ့် အရမ်းစိတ်နှစ်ပြီးတော့ မပေါင်းပါနဲ့။ လူတစ်ယောက်အပေါ်ကို စိတ်နှစ်ထားလိုက်ရင် သူတို့တစ်ခုခုလုပ်တိုင်း ကိုယ်စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့မရှိတဲ့တော့တဲ့အချိန်ကျရင်လည်း သူများထက်ပိုပြီး ကိုယ်က နာကျင်ခံစားရတတ်ပါတယ်။