Skincare လုပ်တော့မယ်ဆိုရင် အဓိကလိမ်းရမယ့်အဆင့်တွေနဲ့ ဒီ Skincare ပစ္စည်း ၅ မျိုးကို လုံးဝကျော်သွားလို့မဖြစ်ပါဘူး။ အခြေခံ Skincare လောက်ပဲလိမ်းမယ်ဆိုရင်တော့ ဒီ ၅ မျိုးက မဖြစ်မနေသုံးပေးရမယ့် အရေးအကြီးဆုံးအရာတွေပါပဲ။
Remover
မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းဘူးဖြစ်စေ မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေ၊ လိမ်းထားတာတွေအားလုံးကို Makeup Remover သုံးပြီး ဖျက်ပေးရပါမယ်။ ဒီတိုင်း မျက်နှာသစ်ဆေးနဲ့ တန်းသစ်တာက လုံးဝမပြောင်ပါဘူး။ ဒါကြောင့် Remover သုံးကိုသုံးရပါမယ်။
Facial foam
မျက်နှာသစ်ဖို့အတွက်တော့ Facial foam က မရှိမဖြစ်ပါပဲ။ Facial foam ရွေးဝယ်တဲ့အခါမှာ ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့်ဟာမျိုးကို သေချာဝယ်ပါ။
Toner
Skincare လိမ်းတော့မယ်ဆိုရင် အရေးအကြီးဆုံးနဲ့ မရှိမဖြစ်က Toner ပါပဲ။ တချို့ကျတော့ Toner အဆင့်ကို ကျော်သွားလို့ရတယ်ပြောပေမယ့် ကိုယ်က အခြေခံအဆင့်လောက်ပဲသုံးမှာ၊ အများကြီးသုံးမှာမဟုတ်ဘူးဆိုရင် Toner အဆင့်ကိုမကျော်ပါနဲ့။ ရေဓာတ်ဖြည့်ပေးတဲ့ Toner မျိုးကိုရွေးသုံးတာတော့ အကောင်းဆုံးပါပဲ။
Moisturizer
Skincare လိမ်းမယ်ဆိုရင် ဘယ်တော့မှကျော်သွားလို့မဖြစ်တာက Moisturizer ပါ။ Moisturizer ကို သေချာကောင်းကောင်းလေး သုံးပေးပါ။ မနက်ကော၊ ညပါ လိမ်းပေးပါ။ အသားအရေစိုပြည်ပြီး ကြည်လင်လာစေဖို့ Moisturizer လိုပါတယ်။
Sunscreen
Sunscreen ကတော့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းပဲ လိမ်းရမှာပါ။ နေရောင်ခြည်ထိတာများရင် အသားအရေက Sensitive ဖြစ်ပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာမယ်။ တင်းတိတ်၊ မှဲ့ခြောက်တွေ ပေါ်လာပါလိမ့်မယ်။ အသားအရေလည်း အရမ်းပျက်စီးပါတယ်။ ဒါကြောင့် Sunscreen ကတော့ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး လိမ်းကိုလိမ်းသင့်ပါတယ်။