လက်သည်းလှအောင် လက်သည်းနီပဲဆိုးနေလို့မရပါဘူး။ လက်သည်းကျန်းမာအောင်ပါ ဂရုစိုက်ပေးဖို့ လိုပါတယ်။ healthy nails ဖြစ်နေရင် လက်သည်းက လှနေပြီးသားဖြစ်မှာပါ။ ဒါကြောင့် လက်သည်းတွေကို တစ်ဖြေးဖြေးနဲ့ ပျက်စီးလာအောင် လူအများစုလုပ်နေမိတဲ့အမှား ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအမှားတွေကိုသိမှ ကိုယ်တိုင်လည်းလုပ်နေမိတယ်ဆိုရင် လက်သည်းမပျက်စီးအောင် ဆင်ခြင်လို့ရမှာပါ။

လက်သည်းနီတွေခြစ်တာ

လက်သည်းနီတွေကို လက်သည်းဖျက်ဆေးနဲ့ သေချာမဖျက်ပဲ လက်သည်းတွေနဲ့ ခြစ်တာမျိုးက အကြီးမားဆုံးအမှားတစ်ခုပါပဲ။ လက်သည်းအပေါ်ယံလွှာတွေ ပျက်စီးစေပါတယ်။ တချို့က လက်သည်းနီက လက်သည်းနဲ့ခြစ်တာတောင် ပျက်တယ်ဆိုပြီး အလွယ်လုပ်တတ်ကြပါတယ်။ ဒါကြောင့် healthy nails လိုချင်ရင်တော့ ဆင်ခြင်ဖို့လိုပါတယ်။

အသားမာညှပ်ထုတ်တာ

တော်တော်များများက အသားမာတွေကို လက်သည်းညှပ်နဲ့ ညှပ်ထုတ်ပစ်တတ်ကြပါတယ်။ ဒီလိုညှပ်ထုတ်တာက အရမ်းမှားပါတယ်။ ပြီးရင်လည်း အသားမာက ပြန်တက်တာပါပဲ။ ဒါကြောင့် အသားမာတတ်ရင် အသားမာလိမ်းတဲ့အဆီ cuticle oil ကိုလိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ်ပေးပါ။ အသားမာက နူးညံ့လာပြီဆိုမှ အသားမာဖယ်တဲ့သစ်သားတုတ်လေးနဲ့ ဖယ်ပေးပါ။

အစားအသောက်စနစ်မှားယွင်းနေခြင်း

အစားအသောက်စနစ်မှားယွင်းနေရင်လည်း လက်သည်းတွေပျက်စီးစေပါတယ်။ အထူးသဖြင့် ဆိုဒါတွေက လက်သည်းအလှပျက်စေပါတယ်။ ဒါကြောင့် အစိမ်းရောင်ရှိတဲ့အသီးအရွက်နဲ့ အသီးအနှံတွေ၊ magnesium နဲ့ calcium ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပြီး ရေများများသောက်ပေးမယ်ဆိုရင်တော့ healthy nails ကို ပိုင်ဆိုင်နိုင်မှာပါ။

Base coat မခံခြင်း

လက်သည်းနီဆိုးတဲ့အခါမှာ base coat မခံပဲ လက်သည်းနီးကို ပြီးစလွယ်တန်းဆိုးတာက လက်သည်းမှာရှိတဲ့ သဘာဝအဆီတွေကို ဆုံးရှုံးစေလို့ လက်သည်းပိုပျက်စီးစေပါတယ်။ လက်သည်းတွေလည်း ဝါလာစေပါတယ်။ ဒါကြောင့် လက်သည်းနီမဆိုးခင်မှာ base coat အရင်ခံပြီးဆိုးပေးဖို့လိုပါတယ်။

လက်သည်းကိုအရှေ့အနောက်ပွတ်တိုက်ခြင်း

လက်သည်းကိုညီအောင်ပုံဖော်တဲ့အခါမှာ လက်သည်းတွေကို အရှေ့အနောက်သွားတဲ့ပုံစံနဲ့ ပွတ်တိုက်တာဟာ လက်သည်းအရမ်းပျက်စီးစေပါတယ်။ လက်သည်းအပေါ်ယံလွှာတွေ ကွာတာမျိုး၊ လက်သည်းထိပ်တွေ ပဲ့ထွက်ကုန်တာမျိုးဖြစ်ပြီး လက်သည်းတွေ အလွယ်တကူကျိုးပဲ့စေပါတယ်။