ဝက်ခြံအမာရွတ်တွေရှိနေတဲ့သူတွေအတွက် သဘာဝအတိုင်း သက်သာပျောက်ကင်းသွားအောင် လုပ်ပေးနိုင်တဲ့ home remedies 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Rice powder scrub

Rice powder ကို ဒိန်ချဉ်၊ နနွင်းမှုန့် အနည်းငယ်တို့နဲ့ ရောမွှေပြီး ဖြေးဖြေးချင်းစီ scrub လုပ်ပေးရပါမယ်။ 5 မိနစ်လောက်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ တစ်ပတ် 2 ကြိမ် ပုံမှန်လုပ်ပေးရင် ဝက်ခြံအမာရွတ်တွေ ပါးလာပြီး အသားအရောင် ပြန်ညီလာမှာပါ။

Oats နဲ့ ကြက်ဥ

Oats – လက်ဖက်ရည်ဇွန်း 3 ဇွန်းကို ကြက်ဥတစ်လုံးနဲ့ ရောမွှေပြီး ဒိန်ချဉ်နဲ့ ပျားရည်ကိုလည်း လက်ဖက်ရည်ဇွန်း 1 ဇွန်းစီ ထည့်ပေးပါ။ ပြီးရင် မျက်လုံးနဲ့နှုတ်ခမ်းနားကို ရှောင်ပြီးတော့ မျက်နှာအနှံ့လိမ်းထားလိုက်ပါ။ တစ်နာရီလောက်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ တစ်ပတ် 2 ကြိမ် ပုံမှန်လုပ်ပေးရင် ဝက်ခြံအမာရွတ်တွေ သိသိသာသာ ပါးသွားစေပါတယ်။

Lemon juice

ပျားရည်ကို တစ်စက်လောက် lemon juice ထဲ ထည့်မွှေလိုက်ပါ။ ပြီးရင် ဂွမ်းတံလေးနဲ့တို့ယူပြီး အမာရွတ်ပေါ်ကို တိုက်ရိုက်လိမ်းပေးပါ။ လိမ်းပြီးရင် 10 မိနစ်ထားပြီးမှ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးရင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ ဖြေးဖြေးချင်းပါးပြီး ပျောက်သွားမှာပါ။

Aloe vera gel

Aloe vera gel ကို လှီးထုတ်ပြီးတော့ အမာရွတ်ပေါ်ကို တိုက်ရိုက်ပွတ်လိမ်းပေးရုံနဲ့ ဝက်ခြံအမာရွတ်တွေ သက်သာပျောက်ကင်းစေပါတယ်။ နေ့တိုင်းလုပ်ပေးရမှာပါ။

ဒိန်ချဉ်နဲ့နနွင်းမှုန့်

ဒိန်ချဉ် – လက်ဖက်ရည်ဇွန်း 2 ဇွန်းကို နနွင်းမှုန့်နည်းနည်းနဲ့ ရောမွှေပြီး မျက်နှာတစ်ပြင်လုံး (သို့) အမာရွတ်ပေါ်ကို လိမ်းပေးပါ။ 15 မိနစ်ထားပြီးရင် မျက်နှာသစ်လို့ရပါပြီ။ တစ်ပတ်ကို 3 ကြိမ်လောက် ပုံမှန်လုပ်ပေးရင် ဝက်ခြံအမာရွတ်တွေ သက်သာပျောက်ကင်းလာမှာပါ။