ဆံသားခြောက်သွေ့ပြီး ဖွာနေတာ၊ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကျိုးကြေပြီးပျက်စီးနေတာ၊ ဆံပင်ကျွတ်တာ စတဲ့ ဆံသားပြဿနာတွေအားလုံးကို ကုသပေးနိုင်တဲ့ Hair Oil (၅) မျိုးကို ဖော်ပြပေးရင်းနဲ့ ဘယ်လိုတွေသုံးရမလဲ၊ ဘာအတွက်ကောင်းလဲဆိုတာကိုပါ ပြောပြပေးလိုက်ပါတယ်။

Coconut Oil (အုန်းဆီ)

အုန်းဆီကို ပုံမှန်လိမ်းပေးတဲ့သူက ဆံကေသာတောက်ပြောင်ပြီး အရမ်းလှပါတယ်။ ဆံသားလည်း နူးညံ့ပျော့ပြောင်းနေပါလိမ့်မယ်။ ဆံသားပျက်စီးတာ၊ ဆံသားကျိုးကြေတာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပြီး ဆံပင်မကျွတ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဆံပင်လည်းအုံထူလာစေပါတယ်။

သုံးရမယ့်ပုံစံကတော့ ဆံသားအနှံ့သေချာလိမ်းပေးရမှာပါ။ ဒါပေမယ့် ဆံပင်အမြစ်နဲ့ ဦးရေပြားကိုတော့ မလိမ်းရပါဘူး။

Argan oil

Argan oil ကလည်း ဆံသားအတွက် အရမ်းကောင်းပါတယ်။ ဆံသားပျက်စီးနေတာတွေကို သက်သာစေပါတယ်။ အပူဒဏ်ကြောင့် ဆံသားမပျက်စီးအောင် ကာကွယ်ပေးပြီး ဆံသားအာဟာရပြည့်စေပါတယ်။ ဆံသားခြောက်သွေ့တာမျိုး၊ ဆံသားကြေတာမျိုး၊ ဆံပင်နှစ်ခွဖြစ်တာမျိုးတွေ မဖြစ်ပဲ ဆံသားနူးညံ့ပျော့ပြောင်းစေပါတယ်။

သုံးရမယ့်ပုံစံကတော့ Argan oil နှစ်စက်၊ သုံးစက်လောက်ကို လက်ထဲထည့်ပွတ်ပြီး ဆံသားအနှံ့လိမ်းပေးပါ။ ဆံပင်အမြစ်နဲ့ ဦးရေပြားကိုတော့ မလိမ်းပါနဲ့။

Castor oil (ကြက်ဆူဆီ)

ကြက်ဆူဆီကတော့ ဆံသားသန်စွမ်းပြီး ဆံပင်အရှည်မြန်စေပါတယ်။ ဗောက်ပျောက်စေပြီး ဦးရေပြားမှိုစွဲတာမျိုးတွေကိုလည်း သက်သာစေပါတယ်။ ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ၊ ဆံသားပျက်စီးတာမျိုးတွေ မဖြစ်ပဲ healthy hair ကို ရရှိစေပါတယ်။

သုံးရမယ့်ပုံစံကတော့ ခေါင်းမလျှော်ခင်ညမှာ ဆံသားအနှံ့လိမ်းပေးပြီး မနက်ကျ ခေါင်းလျှော်လိုက်ပါ။ ဗောက်ရှိတယ်ဆိုရင်တော့ ဦးရေပြားကိုပါလိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ သေချာနှိပ်နယ်ပေးပါ။ တစ်ညထားပြီး နောက်နေ့မှ ခေါင်းလျှော်လိုက်ပါ။

Jojoba Oil

Jojoba Oil ကတော့ အုန်းဆီလိုပဲ ဆံသားအတွင်းပိုင်းအထိ deep hydration ပေးပါတယ်။ ဆံသားနူးညံ့တောက်ပြောင်စေပါတယ်။ ဦးရေပြားကိုပါ လိမ်းပေးမယ်ဆိုရင်တော့ ဦးရေပြားပြဿနာတွေမဖြစ်အောင်၊ ဗောက်မထအောင် ကာကွယ်ပေးနိုင်ပါတယ်။

သုံးရမယ့်ပုံစံကတော့ ခေါင်းမလျှော်ခင် တစ်ညအလို (သို့) မိနစ် ၃၀ အလိုမှာ ဦးရေပြားနဲ့ ဆံသားကို သေချာလိမ်းပေးပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။

Olive oil (သံလွင်ဆီ)

သံလွင်ဆီကတော့ ဆံသားပျက်စီးနေတာတွေ သက်သာစေပြီး ဆံပင်သန်စေပါတယ်။ ဆံသားတောက်ပြောင်ပြီး healthy hair ဖြစ်လာစေပါတယ်။

သုံးရမယ့်ပုံစံကတော့ တစ်ပတ်တစ်ခါ သံလွင်ဆီကို ဆံပင်မှာရွှဲနေအောင် လိမ်းပေးပါ။ ၂ နာရီလောက်ထားပြီးရင် ခေါင်းလျှော်လိုက်ရုံပါပဲ။