ဘာကြောင့်မှန်းမသိ ဂျိုင်းက အရင်ထက်ပိုပြီး တစ်ဖြေးဖြေးနဲ့ မဲလာတယ်ဆိုတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းကို သိမှလည်း ဆင်ခြင်လို့ရမှာပါ။ ဒါကြောင့် ဂျိုင်းမဲလာရခြင်းရဲ့ အဓိကအကြောင်းအရင်း ၄ ခုကို ပြောပြပေးလိုက်ပါတယ်။
Deodorant
Deodorant တွေသုံးတာကြောင့်လည်း ဂျိုင်းမဲစေပါတယ်။ ဂျိုင်းမမဲသွားစေတဲ့ Deodorant တွေလည်း ရှိပါတယ်။ အဓိကကတော့ အထဲက ပါဝင်ပစ္စည်းတွေကြောင့်ပါပဲ။ များသောအားခြင်း Skin-soothing ဖြစ်အောင်လုပ်တဲ့ Glycerine instead အထဲမှာပါတဲ့ Chemical တွေက အသားအရေယားတာ၊ ခြောက်သွေ့တာတွေ ဖြစ်တတ်ပြီး ကြာကြာသုံးရင် ဂျိုင်းမဲတာလည်း ဖြစ်တတ်ပါတယ်။
Shaving
ဂျိုင်းမွှေးကို Waxing လုပ်တာက အကောင်းဆုံးပါပဲ။ နှုတ်ရင်လည်း အသီးထပါတယ်။ ရိတ်တာ Shaving လုပ်တာကျတော့ ဂျိုင်းမဲစေပါတယ်။ ကိုယ့်က ဂျိုင်းမဲလာတယ်ဆိုရင် အမြဲတမ်း Shaving လုပ်နေလား ပြန်ကြည့်ပါ။ လုပ်နေတယ်ဆိုရင်တော့ ရပ်လိုက်ပါတော့။ Waxing ပြောင်းလုပ်ကြည့်ပါ။
Exfoliation
ဂျိုင်းကို Exfoliating မလုပ်ပေးရင်လည်း ဂျိုင်းမဲပါတယ်။ Body scrub နဲ့ ပွတ်တိုက်တာထက် မျက်နှာကို Exfoliate လုပ်တဲ့ Skincare တွေနဲ့ ပုံမှန်လုပ်ပေးတာက ပိုကောင်းပါတယ်။ ဂျိုင်းသားကလည်း အရမ်းနူးညံ့တဲ့အတွက် Scrub ကြမ်းတာတွေနဲ့တိုက်ရင် ပိုပြီးတော့တောင် မဲသွားစေပါတယ်။ ဒါကြောင့် မျက်နှာလုပ်တဲ့ Face scrub, Exfoliation product, Exfoliate toner စတာတွေနဲ့ လုပ်ပေးပါ။
Clothing
ကိုယ်က အဝတ်အစား Clothing တွေကို ဝတ်တဲ့အခါမှာ ဂျိုင်းနား အရမ်းကျပ်နေတာမျိုး၊ အဝတ်အသား အရမ်းကြမ်းပြီးမာတာမျိုးတွေကို ဝတ်မယ်ဆိုရင် အရေပြားယားယံတာ၊ နီရဲတာတွေ ဖြစ်တတ်ပါတယ်။ ပြီးရင် ဂျိုင်းနေရာကို ပွတ်တိုက်မိတာ၊ ပွန်းသလိုဖြစ်တာတွေများပြီး ဂျိုင်းမဲလာစေပါတယ်။ ဒါကတော့ ခဏခဏဝတ်တဲ့အခါမှာ ဖြစ်တတ်တဲ့ အချက်ဖြစ်ပါတယ်။