လူငယ်ကောင်မလေးတွေအကြိုက်တွေ့မယ့် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ဖို့ ဒီဇိုင်းစဉ်းစားရခက်နေရင် ဒီလက်သည်းဒီဇိုင်းလေးတွေကိုသာ ရွေးချယ်လိုက်ပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အသီးပုံလေးတွေကို အကြည်ပေါ်မှာဆိုးထားတာ ရှင်းပြီး ချစ်ဖို့ကောင်းသလို ဒီဇိုင်းလေးလည်းဆန်းပါတယ်။

ဒါလေးက အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်မှာပါ။ ယုန်လေးတွေချစ်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။

အကြည်ပေါ်မှာ အဖြူနဲ့ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ရိုးရှင်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းကလည်း မြင်နေကျပုံစံတွေနဲ့ ကွဲထွက်နေတာမျိုးလေးပါ။

အသည်းပုံလေး ပုံဖော်မယ်စဉ်းစားထားရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ဒီဇိုင်းကို မတူအောင်ပုံဖော်ထားလို့ ပိုပြီးချစ်ဖို့ကောင်းနေစေပါတယ်။

ဒါကတော့ Modern Disney Princess လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းဆန်းပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့တော့ အလိုက်ဖက်ဆုံးပါပဲ။

ပန်းဒီဇိုင်းလေးတွေက နည်းနည်းလူကြီးဆန်ပေမယ့် ဒီလက်သည်းဒီဇိုင်းလေးကျတော့ ဒီဇိုင်းဆန်းပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းတာကြောင့် လူကြီးမဆန်ပါဘူး။

ပန်းချီဆွဲထားသလိုလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ တစ်ချောင်းကို တစ်မျိုးပုံဖော်ထားလို့ ဘယ်လိုကြည့်ကြည့် ရိုးမသွားစေပါဘူး။

ဒီပန်းလက်သည်းဒီဇိုင်းလေးဆိုလည်း လူငယ်ဆန်ပြီး ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်နုနုလေးတွေဆိုးပြီးသာ ပုံဖော်ကြည့်ပါ။

မှိုလက်သည်းဒီဇိုင်းလေးက အကြည်ပေါ်မှာ ပုံဖော်ထားတာဖြစ်လို့ ထင်းပြီး ချစ်ဖို့ကောင်းနေစေပါတယ်။

Photo source:www.pinterest.com