လူတစ်ယောက်ရဲ့ လှုပ်ရှားမှု (၄၀) ရာခိုင်နှုန်းဟာ အလေ့အကျင့်ကနေ ထွက်ပေါ်လာတာဖြစ်ကြောင်း စိတ်ပညာရှင်တွေက ပြောထားကြတယ်။ နေ့စဉ်ပြုမူနေထိုင်တာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို အနီးကပ်ဆုံး ခန့်မှန်းနိုင်ပါတယ်။

ဒီတစ်ခေါက်ပြောပြပေးမယ့်အကြောင်းအရာကတော့ သွားတိုက်ဆေးဘူးအသုံးပြုထားတာကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို ဘယ်လိုခန့်မှန်းကြမလဲဆိုတာပါပဲ။

အောက်ကနေ အပေါ်ကိုလှိမ်ပြီး ညစ်ကာအသုံးပြုရင်

သင်ဟာ သေသေသပ်သပ်နေတတ်ပြီး ချွေတာတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဂရုစိုက်သူဖြစ်ပြီး အနားမှာရှိတဲ့သူတွေကိုလည်း ဂရုစိုက်တဲ့သူပါ။ မလိုအပ်ပဲ ကိုယ့်မှာရှိတဲ့ အရာတွေကို သုံးဖြုန်းလိုခြင်းမရှိဘဲ ရှိတဲ့ အရင်းအမြစ်တွေကိုလည်း အကျိုးရှိရှိအသုံးချတတ်သူဖြစ်ပါတယ်။ အလုပ်ကြိုးစားပြီး သေသေသပ်သပ်လုပ်တတ်သူ အခြားသူတွေ အားကိုးနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

အလယ်မှ ညစ်ကာအသုံးပြုရင်

သင်ဟာ တတ်ကြွပြီးလက်တွေ့ဆန်တဲ့သူဖြစ်ကာ အလျင်လိုနေတတ်သူလည်းဖြစ်ပါတယ်။ သင်ဟာ သေသေသပ်သပ်နေတတ်သူတစ်ယောက်တော့ မဟုတ်ပေမယ့် စိန်ခေါ်မှုတွေနဲ့ကြုံလာတဲ့အခါမှာ အကောင်းဆုံးရင်ဆိုင်နိုင်သူဖြစ်ပါတယ်။ သင်ဟာ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေများပြီး ဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်ပါတယ်။

ထိပ်ဆုံးမှ ညစ်ကာအသုံးပြုရင်

သင်ဟာ အလွန်ခေါင်းမာသူတစ်ယောက်ဖြစ်ပြီး ကိုယ်လိုချင်တာကို မရရအောင် ယူတတ်သူဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက်လည်း ဘာမဆိုလုပ်နိုင်သူဖြစ်ပါတယ်။ သင်ဟာတခြားလူတွေအပေါ် ယုံကြည်မှုနည်းသလို မိမိကိုယ်ကိုအားကိုးတတ်သူတစ်ယောက်ဖြစ်ပါတယ်။ မိမိကိုယ်ကိုချစ်ပြီး အခြားလူတွေကို ကိုယ့်ရဲ့ကောင်းကျိုးအတွက် အသုံးပြုလေ့ရှိပါတယ်။

အကောင်းပကတိအတိုင်း အသုံးပြုရင်

သင်ဟာ တစ်ယောက်ထဲနေရတာကို သဘောကျပြီး ဒရမ်မာခင်းတတ်တဲ့သူဖြစ်ပါတယ်။ သင်ဟာ စိတ်ခံစားရလွယ်ကူတယ်၊ သဘောကောင်းတယ်၊ ခပ်ပေါ့ပေါ့နေတတ်ပြီး သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ သင်ဟာ ဖြောင့်မက်တဲ့သူတစ်ယောက်ဖြစ်ပြီး သဘောထားကြီးတဲ့သူတစ်ယောက်ဖြစ်တယ်။ အမြဲတမ်းအကြံဉာဏ်တွေ အတွေးအခေါ်တွေနဲ့ပြည့်နှက်နေတတ်ပြီး တခြားသူတွေကိုလည်း ဝေမျှပေးချင်တဲ့သူပါ။

နေရာအနှံ့ ညစ်ပြီးအသုံးပြုရင်

လောကကြီကို မတူညီတဲ့ရှုထောက်ကနေ ကြည့်တတ်ပြီး ရသကိုခံစားတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နေရာတကာမှာ အလှတရားကို ခံစားတတ်ပါတယ်။ အမြဲတမ်း သပ်သပ်ရပ်ရပ်နေဖို့နဲ့အလုပ်တွေပြီးမြောက်အောင်လုပ်ဖို့က အသင့်အတွက်ခက်ခဲနေတတ်ပေမယ့် သင်ဟာအကောင်းမြင်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပွင့်လင်းပြီး ရိုးသားသူတစ်ယောက်လည်းဖြစ်ပြန်တယ်။

Source : Brightside