ချစ်သူဆိုတာ တစ်ယောက်လက်ကလေးကို တစ်ယောက်တွဲပြီးလျှောက်ကြပါတယ်နော်။ လက်တွဲတာကိုမှ ပုံစံအမျိုးမျိုးရှိပါတယ်။ ကဲ ကိုယ့်တို့ရဲ့ တွဲလက်ကလေးတွေကပြောတဲ့ အချစ်ရေး၊ ဆက်ဆံရေးအကြောင်းကို လေ့လာကြည့်ရအောင်။

လက်ဖဝါးချင်း ဆုတ်ကိုင်ထားတယ်။

အခုပုံမှာပြထားသလို လက်ဖဝါးချင်းကပ်ပြီး ဆုတ်ကိုင်ထားတယ်ဆိုရင်တော့ သင်တို့နှစ်ယောက် ဆက်ဆံရေးဟာ ချစ်ခင်စုံမက်မှုကို အခြေခံထားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ သင်တို့နှစ်ယောက်စလုံးဟာ ကိုယ်ပိုင် ဂုဏ်အသီးသီးရှိကြပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားသူတွေ ဖြစ်ကြပါတယ်။

လက်ချင်းယှက်ပြီး ဆုပ်ကိုင်ထားတဲ့ တွဲလက်တွေ

လက်ချောင်းလေးတွေချင်းယှက်ပြီး ဆုပ်ကိုင်ထားတတ်တဲ့ ချစ်သူစုံတွဲတွေဟာ တစ်ယောက်ကိုယ်တစ်ယောက် စွဲမက်ခြင်းကိုပြတဲ့အဓိပ္ပာယ်ပါ။ တစ်ယောက်ကိုယ်တစ်ယောက် လက်ကိုခပ်တင်းတင်း ဆုပ်ကိုင်ထားရင်တော့ သင်တို့နှစ်ယောက်လုံးဟာ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိကြသူတွေဖြစ်ပြီး တစ်ယောက်က လက်ဖျော့ထားရင်တော့ သင်တို့နှစ်ယောက်မှာ တစ်ယောက်က ပိုချစ်ရသူဖြစ်ပါတယ်။

လက်တစ်ချောင်းတည်း တွဲထားတဲ့ တွဲလက်တွေ

လက်တစ်ချောင်းတည်းဆုပ်ကိုင်ထားတတ်တယ်ဆိုရင်တော့ သင်တို့ရဲ့ လွပ်လပ်မှုကို ပြောတာဖြစ်ပါတယ်။ သင်တို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးကိုယ် တစ်ယောက်လေးစားပြီး privacy ရှိတဲ့သူတွေလို့ဆိုနိုင်ပါတယ်။ တခြားအဓိပ္ပာယ်အနေနဲ့တော့ သင်တို့နှစ်ယောက်ဆက်ဆံရေးဟာ ခိုင်ခိုင်မာမာမရှိသေးဘူးလို့ ယူဆလို့ရနိုင်ပါတယ်။

လက်ကိုတွဲပြီး မှီထားတယ်။

ချစ်သူရဲ့ လက်ကို တွဲပြီး မှီထားတယ်ဆိုရင် သင်တို့နှစ်ယောက်ဆက်ဆံရေးဟာ တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရးတစ်ခုလို့ ဆိုနိုင်ပါတယ်။ သင့်ချစ်သူဟာ သင့်အပိုင်ဖြစ်ကြောင်း ပြသတဲ့သဘောဖြစ်ပြီး သင်တို့နှစ်ယောက် ဆက်ဆံရေးနဲ့ ပတ်သတ်လို့ တခြားသူတွေကိုလည်း သိစေချင်တဲ့ သဘောသဘာဝရှိပါတယ်။

လက်မောင်းချင်း ချိတ်ထားခြင်း

လက်ချင်းတွဲထားတာမဟုတ်ဘဲ လက်မောင်းချင်းချိတ်ထားတတ်တဲ့ ချစ်သူတွေကတော့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ပတ်သတ်လို့ နည်းနည်းလေး စိတ်မချသလို ခံစားနေရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ချစ်သူလက်မောင်းကိုတွဲပြီး ချစ်သူဆီကို ကာကွယ်ပေးဖို့ တောင်းဆိုတဲ့ အဓိပ္ပာယ်လည်းဆောင်ပါတယ်။ သူနဲ့ သင်ပိုပြီး စိတ်ချင်း ရင်းနှီးသလို ခံစားရစေပါတယ်။

ချစ်သူလက်ကို ဆွဲထားခြင်း

ချစ်သူလက်ကို ဆွဲပြီး တစ်ယောက်ကအရှေ့က တစ်ယောက်ကအနောက်က ရောက်နေဆယ်ဆိုရင် သင်တို့နှစ်‌ယောက်ရဲ့ စိတ်တွေဟာ တစ်နေရာတည်းမှာ ရှိမနေတဲ့ အဓိပ္ပာယ်ဆောင်ပါ။ ချစ်သူက စိတ်တစ်နေရာရောက်နေတဲ့ အဓိပ္ပာယ်ပါ။ တစ်ယောက်က အလျင်လိုနေပြီး တစ်ယောက်က သိပ်မသွားချင်တဲ့ ပုံဆောင်ပါတယ်။

လက်မတွဲထားခြင်း

လက်မတွဲထားဘူး လက်တွဲထားရမှာ အမြဲလိုလိုငြင်းဆန်နေရင် သူ့ရဲ့စိတ်ဟာ သင့်အပေါ်မှာမရှိဘူးဆိုတာ ပုံရိပ်တစ်ခုပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရှက်တာ ဒါမှမဟုတ် သင်တို့နှစ်ယောက်ဆက်ဆံရေးကို လျှို့ဝှက်ထားချင်တဲ့သဘောလည်းဆောင်ပါတယ်။ ဘာလို့လဲလို့ သင်ကိုယ်တိုင်ပဲ မေးကြည့်လိုက်ပါ။