တော်တော်များများက ရေသောက်တာကိုရေဆာနေတာတွေကြောင့်ပဲ သောက်ကြတာများပါတယ်။ ရေသောက်ပေးတာက ရေဆာတာတွေ၊ ရေငတ်တာတွေကိုတင်ဖြေရှင်းပေးနိုင်တာမဟုတ်ပဲ အသားအရေကို Glow ဖြစ်ချင်နေတဲ့သူတွေအနေနဲ့လည်း အထောက်အပံ့ပစ္စည်းတစ်ခုပေါ့။ ဘာအပြစ်အနာဆာမှမရှိပဲ မိတ်ကပ်တွေနဲ့ဖုံးကွယ်နေစရာမလိုပဲ သဘာဝအတိုင်းကြည်လင်ပြီးလှပနေတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒါတွေကိုလုပ်ဖို့လိုပြီနော်။

ဘလူးဘယ်ရီ

ပျိုမေတို့သောက်မယ့်ရေခွက်လေးထဲမှာ ဘလူးဘယ်ရီသီးလေးတွေကိုထည့်ပြီးသောက်မယ်ဆိုရင် ဆန်းသစ်နေတဲ့ပုံစံကြောင့် ရေသောက်ချင်စိတ်ကိုလည်း ပိုဖြစ်စေမှာပေါ့။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဗီတာမင်အေကိုကောင်းကောင်းဖြည့်ဆည်းပေးနိုင်တာကြောင့် အသားအရေကိုကြည်လင်လာစေပြီး အရေးအကြောင်းတွေကိုလည်းကင်းဝေးလာစေမှာပါ။

သခွားသီး

သခွားသီးကိုပါးပါးလေးတွေလှီးပြီး မျက်နှာပေါ်မှာတင်ထားတတ်ကြတာကလည်း မိန်းကလေးတွေအတွက် အလှအပကိုဂရုစိုက်တဲ့နည်းလမ်းတစ်ခုပေါ့။ အသားအရေကိုအပြင်ပိုင်းကနေလည်း ကူညီပေးနိုင်သလို အတွင်းပိုင်းကနေလည်း ရေဓာတ်အပြည့်နဲ့ကူညီပံ့ပိုးပေးနိုင်ပါသေးတယ်။ ရေဓာတ်အပြည့်ဖြည့်ပေးနိုင်တဲ့ သခွားသီးကို ရေနဲ့ရောပြီးသောက်တဲ့အကျိုးကျေးဇူးကြောင့် ဝက်ခြံတွေကိုကင်းဝေးစေပြီး လှပနေစေမှာပါ။

ပန်းသီး

ပန်းသီးတစ်နေ့တစ်လုံးစားပေးရင် ဆရာဝန်နဲ့ဝေးတယ်ဆိုတဲ့အတိုင်းပဲ ခန္ဓာကိုယ်အတွက်အရမ်းကို အထောက်အကူဖြစ်စေတဲ့ ပန်းသီးက အသားအရေအတွက်လည်း ကောင်းကျိုးတွေရှိပါတယ်။ ပန်းသီးကိုရေထဲထည့်ပြီး ပုံမှန်သောက်သုံးပေးမယ်ဆိုရင် နေလောင်ဒဏ်ခံရခြင်းတွေကို ကင်းဝေးစေမှာအမှန်ပဲပေါ့။

ရေကိုနေ့တိုင်းသောက်နေတဲ့အခါမှာ အထူးအဆန်းဖြစ်သွားစေမယ့်အပြင် အသားအရေကိုလည်း ကောင်းမွန်စေမယ့်ဒီလိုအရာတွေကို ထည့်ပြီးသောက်တော့ ပိုအကျိုးရှိစေတာပေါ့။

Photo Source: Pinterest