လူတိုင်းဟာ အောင်မြင်ကျော်ကြားတဲ့ နေရာတစ်ခုရောက်ဖို့အတွက် တစ်ကနေပဲ စတင်ခဲ့ရတာပါ။ ဘယ်သူကမှ ချက်ချင်းအောင်မြင်လာကြတာမဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် အချိန်ယူရပါတယ်။

တချို့ကလည်း ကိုယ် စတင်လုပ်ကိုင်တဲ့ အလုပ်ကနေ အောင်မြင်လာခဲ့တာရှိသလို အချို့ကလည်း အလုပ်တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းပြီးမှ အောင်မြင်လာခဲ့တာလည်းရှိပါတယ်။

အချို့အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များ၊ ဆယ်လီများသည်လည်း သူတို့ရဲ့ပထမအလုပ်က အနုပညာအလုပ်မဟုတ်ခဲ့ကြပါဘူး။

Beyonce

Beyonce သည် သူမရဲ့မိခင်ကို ငယ်စဉ်အရွယ်ကတည်းက ကူညီပေးခဲ့တာကြောင့် သူမရဲ့ပထမဆုံးအလုပ်အကိုင်ဟာ ဆံပင်ညှပ်ဆိုင်မှာ တောက်တိုမယ်ရလုပ်ခဲ့ရတဲ့ ကလေးမလေးတစ်ဦးဖြစ်ခဲ့ပါတယ်။

James Corden

ကမ္ဘာကျော်တစ်ဦးဖြစ်တဲ့ James Corden ဟာ ပထမအလုပ်အကိုင်အဖြစ်နဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

Meghan Markle

Meghan Markle လည်း အနုပညာအလုပ်ကို မလုပ်ခင်တုန်းက စာရေးကိရိယာဆိုင်တွင် စာအုပ်ချုပ်ခြင်း၊ လက်ဆောင်ပစ္စည်းထုပ်ပိုးခြင်းအပြင် ဖိတ်စာပေါ်တွင် လက်ရေးအလှရေးပေးခြင်းကိုလည်း Freelance အဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။

Taylor Swift

Taylor ဟာ Nashville မြို့မှာ ကြီးပြင်းခဲ့တာကိုတော့ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူမဟာ ခရစ်စမတ်သစ်ပင်များ စိုက်ပျိုးထားတဲ့ ဥယျာဉ်ခြံထဲတွင် ကြီးပြင်းခဲ့တာကိုတော့ လူသိနည်းလှပါတယ်။

ဂရမ်မီဆုပိုင်ရှင်တစ်ဦးဖြစ်တဲ့ Taylor ဟာ အသက် ၅ နှစ်ကနေ ၁၀ အထိ ခရစ်စမတ်သစ်ပင်များပေါ်တွင် ဥ ဥလေ့ရှိတဲ့ ဓားခုတ်ကောင်နှင့် သူတို့ရဲ့ပိုးအိမ်များ ဖယ်ရှားခြင်းအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။

Brad Pitt

Brad Pitt တစ်ယောက် မင်းသားအဖြစ် စတင်မလုပ်ကိုင်ခင်တုန်းက ကားမောင်းသမား၊ ပရိဘောဂများ ပြောင်းရွေ့ပေးခြင်း၊ ကြက်ဝတ်စုံ ဝတ်ဆင်ကာ ကခုန်တင်ဆက်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့ပါတယ်။

Harry Styles

Harry ဟာ အသက် ၁၆ နှစ်အရွယ်မှာ X Factor တွင် သီချင်းဆိုပြိုင်ပွဲဝင်ခဲ့ကာ အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့တာပါ။ သူဟာ ထိုအချိန်တွင် ကိတ်မုန့်ဆိုင်၌ အလုပ်လုပ်နေခဲ့တာပါ။

အောင်မြင်မှုရရှိခဲ့ပြီး နှစ်အတော်ကြာတဲ့အခါမှာတော့ This Is Us ဆိုတဲ့ ရိုက်ကူးရေးကို ပြုလုပ်ဖို့အတွက် ထိုကိတ်မုန့်ဆိုင်သို့ တစ်ခေါက်ပြန်လာခဲ့ပြီး ရိုက်ကူးရေးလုပ်ခဲ့ပါသေးတယ်။