အားလုံးပဲမင်္ဂလာပါနော်။ ငါးနဲ့ Spa လုပ်တာကို စာဖတ်သူတို့ မြင်ဖူးကြလိမ့်မယ်။ ရင်းနှီးဖူးကြမယ်လို့ထင်ပါတယ်။ အလှအပနဲ့ပတ်သက်လို့ သိပ်မကြာခင်နှစ်တွေက ခေတ်စားခဲ့ပြီး အသဲယားစရာ ငါး Spa က သင့်ခြေထောက်လေးတွေကို နူးညံ့စိုပြေစေမယ်ဆိုတာ မယုံနိုင်စရာပါပဲ။

ခြေထောက်ကို ရေထဲစိမ်၊ ငါးလေးတွေက သင့်ခြေထောက်ကို တွတ်ထိုးနေတဲ့အခါ ယားကျိကျိ ခံစားမှုလေးနဲ့ တစ်မျိုးလေး နေလို့ကောင်းမယ်ထင်ပါတယ်။ ခြေထောက်ကိုသာမက သင့်ရဲ့ လက်လေးတွေကိုလည်း ငါး Spa လုပ်လို့ရပါတယ်။ ဒီပုံလေးတွေကိုကြည့်ပြီး စာဖတ်သူတို့လည်း အသည်းယားကြမယ်လို့ ထင်ပါတယ်နော်။

ဘာကြောင့်ရေပန်းစားသလဲ။ ငါး နဲ့ Spa လုပ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ငါးက သင့်ခြေထောက်မှာရှိတဲ့ Dead Skin တွေကို စားသုံးပေးပါတယ်

ငါးတွေက စာလောင်နေတာမို့ ငါးကို အစာကျွေးသလိုလည်းဖြစ်ပါတယ်

ခြေထောက်လေးက ယားကျိကျိနဲ့ နေလို့ကောင်းတယ်

သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ခြေထောက်က အနံ့ဆိုးတွေကို သက်သာစေပါတယ်

ခြေထောက်မှိုကူးစက်မှုကိုလည်း မဖြစ်အောင်ကူညီပေးပါတယ်

သင့်မှာ တခြား ဆေးဝါးနဲ့ ပတ်သက်တဲ့အခြေအနေရှိပါသလား။ ဒါဆိုရင်တော့ ငါး Spa လုပ်တာကို ရှောင်ကျဉ်သင့်ပါတယ်

ဥပမာ- ဆီးချို၊ အရေပြားဓာတ်မတည့်ရောဂါ၊ ကိုယ်ခံအားနည်းရောဂါ စတာတွေအပြင် တခြား ဝေဒနာရှိသူများ။ ငါး Spa မလုပ်ခင်မှာ သင်အမြဲပြနေကျ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Source: www.thelist.com

By: MyStyle Myanmar