ဟယ်လို မင်္ဂလာပါ ပျိုမေတို့ရေ။ ဖက်ရှင်ဆိုရာမှာ အပြင်ပိုင်းသာမကဘဲ အတွင်းပိုင်းမှာဝတ်တဲ့ ကိုယ့်ရဲ့ အတွင်းခံကလည်း သိပ်ကိုအေ၇းကြီးပါတယ်။ ကိုယ့်ရဲ့ အတွင်းခံ ဘယ်လိုက ကိုယ့်ဆိုဒ်နဲ့အဆင်မပြေဘူးဆိုရင်တော့ ဘယ်လိုမှ သက်သောင့်သက်သာရှိမှာမဟုတ်ပါဘူး။ ဒါတင်မက အပြင်သွားတဲ့အခါမှာလည်း အဲဒီကိုပဲစိတ်ရောက်နေပြီး အတော်လေးကို ကတိကအောင့် ဖြစ်မိမှာသေချာပါတယ်။

ကိုယ့်နဲ့အဆင်ပြေတဲ့ ဘရာကို ဝယ်ဖို့ဆိုရင် အရင်ဆုံး ဘရာဆိုဒ်ကိုသိထားရပါတယ်။ ဘရာဆိုဒ်ကို သိထားရဖို့ဆို၇င်တော့ ကိုယ့်ရင်ဘတ်ရဲ့ ဆိုဒ်ကိုသိရပါမယ်နော်။

တိုင်းတာမယ်

အရင်ဆုံး ပေကြိုးနဲ့ချိုင်းအောက်နေ တိုင်းလိုက်ပါ။ ကွက်တိအနေအထားဖြစ်အောင်တိုင်းပါ။ သူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ့်ရဲ့အမေဖြစ်ဖြစ် တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး တိုင်းခိုင်းရင် ပိုအဆင်ပြေပါတယ်။

ရင်ဘတ်ကို တိုင်းပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ဆိုဒ်ကဘယ်လောက်ရှိသလဲဆိုတာ သိလောက်ပါပြီ။

ဘရာဝယ်မယ်ဆိုရင် ကိုယ့်ရင်ဘတ်နဲ့တော်မတော်ဆိုတာသာမက ကိုယ့်ရင်အုံနဲ့ တော်မတော်ကိုပါ ရွေးချယ်သင့်ပါတယ်။ ဘရာတွေမှာ A. B. Cဆိုပြီးရှိပါတယ်။ ကိုယ့်ရဲ့ ရင်အုံဆိုဒ်က ၁ လက်မဆိုရင် A, ၂ လက်မဆိုရင် B၊ ၃ လက်မဆိုရင် C ၊ ၄ လက်မဆိုရင် D, ၅လက်မဆိုရင် DD ပါ။

ကိုယ်က ရင်အုံကြီးတယ်ဆိုရင် Push-Up မပါတာကိုအသုံးပြုသင့်ပါတယ်။

ဘရာတော်မတော်ဘယ်လိုကြည့်မလဲ

ကိုယ်နဲ့ရင်အုံကမတော်ဘူးဆိုရင် အောက်ကထွက်နေတာမျိုး အဆီတွေထွက်ပြီး ကျပ်နေတာမျိုးဖြစ်တတ်ပါတယ်။

ရင်အုံကလည်း ကိုယ့်ရဲ့ရင်သားကို ပင့်တင်ပေးတာမျိုးကိုရွေးချယ်ပါ။

ချိုင်းအောက်နားက အသားဖုံးတဲ့ ဘရာကို ရွေးချယ်ပါ။

Photo: www.brightside.me

Cover Photo: www.pinterest.com

By: MyStyle Myanmar