သင်ပိုင်ဆိုင်ထားတဲ့ Relationship က Toxic ဖြစ်နေတယ်လို့ ခံစားနေရပြီဆိုရင် ကောင်းမွန်တဲ့ Relationship တစ်ခုဖြစ်အောင် ပြန်ပြောင်းလဲမယ်ဆိုရင် အောက်ပါအချက်အလက်များကို စမ်းကြည့်သင့်ပါတယ်။

အတိတ်က အမှားတွေကို အာရုံစိုက်ပြီး စိတ်ညစ်မခံပါနဲ့။ အတိတ်ကို အာရုံစိုက်နေရင် ပစ္စုပ္ပန်မှာ ပျော်ရွှင်နိုင်မှာမဟုတ်တော့ပါဘူး။ အချစ်ရေးမှာ အဆင်ပြေဖို့အတွက် အတိတ်ကို တွယ်တာမနေပါနဲ့။

ဆက်ဆံရေးတစ်ခုအတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုတွေလုပ်ကြတဲ့အခါ လက်တွဲဖော်နှစ်ဦးစလုံးက အတူပြောင်းလဲဖို့ လိုအပ်ပါတယ်။ဒီလိုလုပ်ဖို့ စိတ်ရှည်သည်းခံပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း အများကြီးလိုပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံကြတဲ့အခါ ပွင့်လင်းစွာ ပြောဆိုတတ်ကြပါစေ။ ပွင့်လင်းမှုရှိတာ၊  အတူတကွလုပ်ဆောင်တာနဲ့  ဝန်ထုပ်ဝန်ပိုးမျှဝေခံစားတတ်တာတွေက လက်တွဲဖော် နှစ်ယောက်လုံးအတွက် အပြုသဘောဖြစ်စေတာမလို့ ကောင်းမွန်တဲ့ Relationship တစ်ခုကို ရစေပါတယ်။

အမှားကင်းတဲ့လူဆိုတာ မရှိပါဘူး။ အမှားတွေလုပ်မိတဲ့အခါ တစ်ဦးကိုတစ်ဦး အပြစ်တင်နေတာထက် ကြင်နာမှုနဲ့ ဖေးဖေးမမ ဆက်ဆံဖို့က အရေးကြီးပါတယ်။