ပြီးပြည့်စုံတဲ့ Girlfriend ရဲ့ အဓိပ္ပာယ်က ဘာများဖြစ်မလဲ။ ရူးလောက်အောင် လှတဲ့ အလှနဲ့ သာယာတဲ့ အသံလေးလား။ သာမန် အလှတစ်ခုနဲ့အတူ ဖြူစင်တဲ့ နှလုံးသား၊ စိတ်ထား ရှိသူလား။ ဘာဖြစ်မယ်ထင်လဲ။

အခုဖော်ပြမယ့် အကြောင်းအရာမှာတော့ ကောင်လေးတွေ ရည်းစားရွေးတဲ့အခါ ဦးစားပေးကြည့်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အပြုအမူနဲ့ ခံစားချက်တွေ ပါဝင်ပါတယ်။ သင်က မိန်းကလေး တစ်ဦးဆိုရင် သင်ကြွေတဲ့ Crush ကို ပိုင်ဆိုင်နိုင်ဖို့ ဒီအကြောင်းအရာကို ဖတ်ထားသင့်ပါတယ်နော်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း

ကိုယ့်ကိုယ်ကိုယ် လက်ခံထားပြီး ယုံကြည်မှု ရှိတဲ့ အမျိုးသမီးတွေက ဆွဲဆောင်မှု ရှိတယ်လို့ အမျိုးသား အများစုက လက်ခံထားကြပါတယ်။ “ဒီဘောင်းဘီနဲ့ ပေါင်တုတ်သလို ဖြစ်နေလား” ဆိုတဲ့ စကားမျိုးကို သူ့ရှေ့မှာ သွားမေးတာမျိုး စရှောင်သင့်ပါတယ်။

၂။ ဉာဏ်ပညာ ကြွယ်ဝသူ

ယောက်ျားလေးတွေက သူတို့ တန်းတူ ဉာဏ်ရည်ကောင်းတဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါသေးတယ်။

၃။ ရုပ်ဝတ္ထုပစ္စည်းတွေကို မမက်မောသူ

ကောင်လေးတွေက ချစ်ရသူ မိန်းကလေးကို အံ့သြစရာတွေနဲ့ ပျော်စေချင်ပြီး မကြောင့်မကြ ထားချင်စိတ်ရှိပေမယ့် ရုပ်ဝတ္ထု ပစ္စည်းတွေကို စွဲလန်းလွန်းတဲ့ မိန်းကလေးတွေကိုတော့ မကြိုက်ချင်ကြပါဘူး။

၄။ ရုတ်တရက် ထလုပ်တတ်သူ

ဘယ်အရာမဆို မစဉ်းစားဘဲ ဝုန်းခနဲ ကောက်လုပ်တတ်တာက ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။ ကောင်လေးတွေက သူတို့ မထင်ထားတာကို ကောက်လုပ်တတ်တဲ့ ကောင်မလေးတွေကို သဘောကျလေ့ရှိပါတယ်။

၅။ အေးအေးဆေးဆေး စကားပြောတတ်သူ

စိတ်ဆိုးစရာ ရှိရင် ဒုန်းစိုင်း မသောင်းကျန်းဘဲ အေးအေးဆေးဆေး ဖြေရှင်းတတ်သူတွေကို ယောက်ျားလေးတွေက ကြွေတတ်ကြပါတယ်။ အိမ်ထောင် တစ်ခု တည်ထောင်ခဲ့ရင်လည်း ဒီလိုမိန်းကလေးတွေက သူတို့အတွက် နားအေးမယ်လို့ ယူဆထားလို့ပါ။

၆။ အကောင်းမြင်စိတ်ရှိသူ

ဘယ်လိုပဲ ကြုံခဲ့ပါစေ ဖြစ်လာတဲ့ အရာပေါ် ရယ်စရာအနေနဲ့ တွေးပြီး အကောင်းမြင်တတ်တဲ့ မိန်းကလေးတွေနဲ့ နေထိုင်ရတာကို ယောက်ျားလေးတွေက နှစ်သက်တတ်ကြပါတယ်။

၇။ ဆွဲဆောင်မှု ရှိရှိ ဝတ်စားတတ်သူ

ယောက်ျားလေးတစ်ယောက်က မိန်းကလေး တစ်ယောက်ကို ကြွေရတဲ့ အကြောင်းအရင်းထဲမှာ သူ့ရဲ့ အဆင်းကလည်း အဓိက ပါဝင်တတ်ပါတယ်။ အရှိကို အရှိအတိုင်း လက်ခံတယ်ဆိုတာ မှန်ပေမယ့် ကိုယ်တတ်နိုင်သလောက် ပြင်ပြင်ဆင်ဆင် နေသင့်ပါတယ်။

၈။ ရိုးသားသူ

ကောင်လေးတွေက သူတို့အပေါ် ရိုးသားမှု ရှိပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကောင်မလေးတွေကို ပိုယုံကြည်မှုရှိပြီး ပိုသဘောကျကြပါတယ်။

၉။ မထိန်းချုပ်လွန်းသူ

တချို့မိန်းကလေးတွေက တစ်ရက်လောက် မတွေ့လိုက်ရ၊ စကားမပြောလိုက်ရတာနဲ့ ပြဿနာရှာတာ၊ စိတ်ကောက်တာတွေ ဖြစ်တတ်ကြပါတယ်။ ယောက်ျားလေးတွေ သဘောကျတာကတော့ ဒီလို မိန်းကလေးမျိုးမဟုတ်ဘဲ လွတ်လပ်ခွင့်ပေးတဲ့ မိန်းကလေးတွေကို ပိုနှစ်သက်လေ့ရှိပါတယ်။ ၅ မိနစ်နေတိုင်း ဘယ်ရောက်ကြောင်း၊ ဘာလုပ်နေကြောင်း သံတော်ဦးတင်ရတဲ့ အခြေအနေမျိုးကို မကြိုက်တတ်ကြပါဘူး။

၁၀။ ပံ့ပိုးတတ်သူ

ကောင်လေးတွေက သူတို့ လုပ်တဲ့ အလုပ်အပေါ် ဘေးကနေ အားပေးကာ ပံ့ပိုးပေးတဲ့ မိန်းကလေးတွေကို နှစ်သက်လေ့ရှိကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar