အခုနောက်ပိုင်း ဆယ်ကျော်သက်မြန်မာမိန်းကလေးတွေကြားထဲမှာ ကိုရီးယားဖက်ရှင်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေနဲ့၊ အနုပညာရှင်တွေက အရမ်းကိုလွှမ်းမိုးလာနိုင်ကြတာကို တွေ့ရပါတယ်။ အခုတစ်ခါပြောပြပေးချင်တာကတော့ ဖက်ရှင်ပိုင်းပေါ့။ တစ်ချို့တွေကလည်း ကိုယ်ပိုင်စတိုင်လေး တွေနဲ့ လှပအောင်ဝတ်ဆင်တတ်ပေမယ့် တစ်ချို့ကြတော့လည်း ငယ်သေးတဲ့အရွယ်ကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်မျိုးကို မရွေးချယ်နိုင်သေးတာ၊ လိုက်ဖက်မှုရှိအောင် မဝတ်တတ်သေးတာမျိုးတွေလည်း ရှိကြပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်လေးတွေအနေနဲ့ ပေါ့ပေါ့ပါးပါးလိုက်ဝတ်လို့ရမယ့် ဖက်ရှင်မျိုးလေးတွေကို နမူနာယူလို့ရအောင် ဖော်ပြပေးလိုက် ပါတယ်နော်။

White Dress with denim jacket ဆိုတဲ့အတိုင်းပဲ ဂျင်းအင်္ကျီလေးတွေက တော်တော်အသုံးဝင်တယ်လို့ဆိုလို့ရပါတယ်။ ကိုယ့်မှာရှိနေတဲ့ ဂါဝန်လေးတွေကို ဒီတိုင်းမဝတ်ချင်တဲ့အခါမှာ အပေါ်ကနေ ဂျင်းအင်္ကျီလေးဝတ်ပေးတော့ ပိုပြီးဖက်ရှင်ကျစေတာပေါ့။

အတိုဝတ်တာကို ဖော်ချွတ်တယ်လို့ပြောလို့မရတော့ပါဘူး။ အဓိကက ကိုယ့်ရဲ့အရှက်ရစေမယ့်နေရာမျိုးတွေ မပေါ်စေဖို့နဲ့ ဝတ်တဲ့အခါမှာ မြင်တဲ့သူ မျက်လုံးထဲ မရိုင်းနေဖို့က အရေးကြီးတာလေ။ ဒီတော့ ရှပ်အကျီလေးတွေကိုဝတ်မယ်ဆိုရင် အောက်ကဘောင်းဘီတိုလေးတွေနဲ့ဆိုရင် ဖက်ရှင်ကျ နေစေမှာပါ။

အခုနောက်ပိုင်းမှာ ပွပွယောင်းယောင်းရှိတဲ့ Tee တွေကလည်းခေတ်စားလာတာဆိုတော့ လူငယ်လည်းဆန်တယ် ချစ်စရာကောင်းပြီးပေါ့ပါးတဲ့ ပုံစံမျိုးလေးကလည်း လူငယ်တွေအတွက်ပိုပြီးတော့လိုက်ဖက်မှုရှိစေပါတယ်။

လက်ပြတ်လေးတွေဝတ်ရတာကို ကြိုက်တယ်ဆိုရင်လည်း ဒီလိုပုံစံမျိုးက ကြည့်လိုက်တာနဲ့ လှပပြီးဖက်ရှင်ကျနေတယ်ဆိုတာ သိသာပါတယ်။ အထူးသဖြင့် အရပ်ရှည်ရှည်ကောင်မလေးတွေနဲ့ ပိုလိုက်ဖက်မှုရှိပြီး လှပတယ်ဆိုတာကိုတော့ မေ့လို့မဖြစ်ဘူးနော်။ အရပ်ပုတဲ့သူတွေလည်း စိတ်ဓာတ်မကျပါနဲ့ ဘောင်းဘီတိုလေးနဲ့ဝတ်မယ်ဆိုရင် အရင်ထက် နှစ်ဆပိုပြီးချစ်စရာကောင်းမှာပါ။

Photo Source: Pinterest