Single ဘဝနဲ့အကြာကြီးဖြတ်သန်းလာပြီး ကံကောင်းအကြောင်းလှစွာနဲ့ ရည်းစားလေးတစ်ယောက်ရသွားတဲ့အခါမှာ ယောက်ျားလေးတော်တော်များများက ပြာပြာသလဲဖြစ်နေတတ်ကြပါတယ်။ အဓိကကတော့ သူတို့ရဲ့ First Date အကြောင်းပေါ့။ အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားပြီး အမှားအယွင်းမရှိအောင် ကောင်မလေးကသူ့ကိုပိုကြွေလာအောင် နည်းလမ်းမျိုးစုံသုံးဖို့ စဉ်းစားပြီလေ။

ဒီတော့ ယောက်ျားလေးတွေ စဉ်းစားနေတတ်တဲ့အရာတွေက ဘာတွေဖြစ်မလဲ။ ကိုယ်ရည်းစားရလာမယ့်နေ့ကျရင်လည်း အလွဲလွဲအချော်ချော်တွေမဖြစ်အောင် ကြိုလေ့လာထားသင့်တယ်နော်။

ဘာဝတ်သွားရမလဲ

ရည်းစားရသွားပြီဆိုတော့ အရင်လိုဖြစ်ကတက်ဆန်းနေလို့မရဘူးဆိုတာ သူနားလည်သဘောပေါက်သွားရှာပါပြီလေ။ ဒီတော့ ကောင်မလေးနဲ့သွားပြီး ချိန်းတွေ့မယ့် First Day မှာအမိုက်စားဖြစ်နေစေဖို့ ဖက်ရှင်တွေကို ကြိုတင်စဉ်းစားနေပါတော့မယ်။ ဝတ်စရာမရှိရင်လည်း သွားဝယ်တော့မှာလေ။

ဘယ်နေရာမှာချိန်းတွေ့မလဲ

ဘယ်လိုနေရာမျိုးမှာ တွေ့ဖို့စီစဉ်ရမယ်ဆိုတာကလည်း ယောက်ျားလေးဘက်ကစဉ်းစားရတာဆိုတော့ အတွေ့အကြုံနည်းတဲ့သူတွေကတော့ အခက်တွေ့ပြီလေ။ တစ်နေ့တာလုံး ဘယ်တွေသွားမယ်၊ ဘယ်နေရာတွေမှာစားမယ်ဆိုတာကို သေချာမစီစဉ်ရသေးတော့ အကောင်းဆုံးနေရာလေးတွေကို စဉ်းစားနေကြမှာပေါ့။

အချိန်မှီရောက်လာပါ့မလား

ချိန်းထားတဲ့နေရာကို သူရောက်နေပြီးမှ ကောင်မလေးကတော်တော်လေးနောက်ကျပြီးမှ ရောက်လာမှာများလာဆိုပြီး သူစဉ်းစားနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘယ်လောက်ကြာအောင် စောင့်နေရမှာလဲဆိုတာမျိုးတွေပေါ့။ ဘယ်လိုပဲဖြစ်နေပါစေ ယောက်ျားလေးကတော့ နောက်ကျပြီးမှရောက်သွားတာက ကောင်မလေးကိုစိတ်ပျက်သွားစေနိုင်တယ်နော်။

တွေ့ရင်ဘယ်လိုစကားမျိုးတွေပြောရမလဲ

ဒါသူတို့အတွက်တော့ အရမ်းကိုခက်ခဲလွန်းတဲ့အခြေအနေပါ။ ရည်းစားမထားတာကြာတော့ နည်းနည်းတော့ရှက်နေမှာပဲလေ။ တွေ့တဲ့အခါမှာတော့ ဘယ်တွေပြောရမလဲဆိုတာကို စဉ်းစားမိလေ ခေါင်းကြီးလေပဲပေါ့။

Photo Source: Pinterest